သာယာဝတီမြို့နယ်ရှိ ခလရ ၃၅ လက်နက်တိုက်မီးလောင်

သာယာဝတီမြို့နယ်ရှိ ခလရ ၃၅ လက်နက်တိုက်မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ တပ်မ ၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၃၅ ထဲက လက်နက်တိုက် ဒီကနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို မသိရသေးပေမယ့်လို့ “ ပေါက်ကွဲတာတော့သေချာပါတယ်။ ပြီးတော့ သူတို့အချင်းချင်းပဲ လုပ်တာနေမှာ။ တပ်ထဲကို အပြင်လူကဝင်မရဘူးလေ ” လို့ ဒေသခံတစ်ယောက်က သူ့အမြင်ကိုပြောပါတယ်။

လက်နက်တိုက်ဆိုတာဟာ စစ်သားတိုင်းလည်းအလွယ်တကူဝင်ထွက်ခွင့်မရှိသလို သီးသန့်အစောင့်နဲ့ လုံခြုံရေးတင်းကျပ် ထားရှိတဲ့နေရာလည်းဖြစ်ပါတယ်။

မီးလောင်ပေါက်ကွဲမှုကြောင့် ပေါက်ကွဲသံတွေဆက်တိုက်ထွက်လာတာကို အနီးအနားကပြည်သူတွေကြားရပြီး ကြောက်လန့် ပုန်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။

ဒီ့အပြင် လက်ပံတန်းမြို့နယ်က မီးသတ်ကားတွေအကုန်နီးပါး သာယာဝတီဘက်ကိုထွက်ခွာသွားတာ မြင်တွေ့လိုက်ရတယ်လို့လဲ ဒေသခံတစ်ယောက်ကပြောပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...