မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆင့်ခေါ်

မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆင့်ခေါ်
by -
နိရဥ္စရာ
ရခိုင်ဝန်ကြီး တစ်ဦးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံအပေါ် မှတ်ချက်ချ ပြောဆိုမှုနှင့် ပတ်သက်၍ ဘင်္ဂလာဒေရှ့်ဆိုင်ရာ မြန်မာသံအမတြ်ကီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက မေလ ၅ ရက်နေ့က ဆင့်ခေါ်ခဲ့သည်ဟု နိရဥ္စရာက သတင်း ရရှိသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သော သံခင်းတမန်ခင်း  ရှင်းလင်းပွဲ (Diplomatic Briefing)  တစ်ခုတွင် ရခိုင်ပြည်နယ် ဝန်ကြီး တစ်ဦးဖြစ်သော ဦးဇော်အေးမောင်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ လူမှု စီးပွားရေး ဆင်းရဲကျပ်တည်းမှု အခြေအနေက ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများကို  ယခုကဲ့သို့ ရွှေ့ပြောင်းမှုကို ဖြစ်စေကြောင်း မှတ်ချက်ချ ပြောကြားခဲ့၍ ဖြစ်သည်ဟု ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။

ထိုကဲ့သို့ မှတ်ချက်ချ ပြောဆိုမှုအပေါ် ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ယခု အိမ်နီးချင်းနိုင်ငံ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်နေသော ရွှေ့ပြောင်း လှေစီးသူများအရေးကို ရပ်တန့်ရန် ကြိုးစားမှုကို ထိခိုက်နိုင်စေသည်ဟု မြန်မာ သံအမတ်ကြီးအား ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာ သံအမတ်ကြီး မေလ ၅ ရက်နေ့ ညနေ သုံးနာရီက ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလာဒေ့ရှ် အတွင်းဝန် Mizanur Rahman နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံစလုံးနှင့်သက်ဆိုင်သော အခြား အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...