သီပေါမြို့ ပညာရေးမှူးရုံး လက်လုပ်မိုင်းပစ်ခံရ

သီပေါမြို့ ပညာရေးမှူးရုံး လက်လုပ်မိုင်းပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ ပညာရေးမှူးရုံးကို ယနေ့ (ဧပြီ ၂၇)ရက် မနက် (၁)နာရီ ဝန်းကျင် တွင် လက်လုပ်မိုင်း ပစ်ခံရကြောင်း သတင်းရရှိသည်။

ပညာရေးမှူးရုံး ဒုပညာရေးမှူး က ဝန်းထမ်းများကို ရုံးတက်ရန် ဖိအားပေးခြင်း၊ စစ်တပ်တို့နှင့် ပူပေါင်းခြင်းကြောင့် သီပေါဒလံ ရှင်းလင်းရေး အဖွဲ့ က အနုနည်းဖြင့် ပညာပြခြင်းသာဖြစ်ကြောင်း သိရသည်။

“ ဒုပညာရေးမှူးက CDM မလုပ်ဘူး။ မလုပ်တဲ့အပြင် CDM လုပ်တဲ့ သူတွေကိုရုံတက်ဖို့ဖိအားပေးတယ်။ အရင်ကဆို သပိတ်စစ်ကြောင်းဖြိုခွင်းခံရတဲ့ချိန်မှာဆို သူက ရဲတွေနားကပ်ပြီးတော့ သတင်းပေးနေတာရှိတယ်။ အဲ့ဒါကြောင့်ဖြိုခွင်းတာ” ဟု သီပေါမြို့ ဒလံရှင်းလေးရေးအဖွဲ့ဝင်တဦး က ပြောသည်။

သီပေါမြို့ CDM ဝန်းထမ်းများကိုဦးဆောင်နေသူမှာ လက်ထောက်ပညာရေးမှူးဖြစ်ကြောင်းသိရသည်။

ထိုသို့ ပညာရေးရုံးကို လက်လုပ်မိုင်းပစ်ရခြင်းသည် ဒလံများကို သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့်သာ ပြုလုပ်ခဲ့ကြောင်း ဒလံရှင်းလင်းရေးအဖွဲ့က းပြောသည်။

အလားတူ ယမန့်နေ့ဧပြီ ၂၆ရက်နေ့ တွင် သီပေါမြို့ ဒလံများကို သတိပေးစာထုတ်ထားခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီမှ လာမည့် မေလ ၅ ရက်နေ့တွင် ကျောင်းများအားလုံးပြန်ဖွင့်ရန်အတွက် စစ်တပ်ပိုင်း MWD ရုပ်သံတွင် ကြောညာထားသည်။

May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...