ဖာပွန်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

ဖာပွန်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

စစ်ကောင်စီတပ်များကို တော်လှန်တိုက်ခိုက်နေသော ကရင်အမျိုးသားအစည်းအရုံး ( ကေအန်ယူ)၏ တပ်ဖွဲ့များ လှုပ်ရှားရာ ကရင်ပြည်နယ်  ဖာပွန်ဒေသအတွင်းရှိနယ်မြေများကို ကြာသပတေးနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်များက လေကြောင်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ကေအန်ယူ နိုင်ငံခြားရေးဌာန ဗဒိုစောတောနီက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ထိုင်းနိုင်ငံ Baan Tha Ta Fang ကျေးရွာ တဖက် ကမ်းရှိ ဒါးခွင်နှင့် ပွားဒက်ဒေသတို့ကို မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုခြင်းဖြစ်ပြီး ထိခိုက်မှုနှင့်ပတ်သက်၍ လတ်တလောမသိရသေးကြောင်း ဗဒိုစောတာနီက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် နေထိုင်သည့် သော်လဲထာ ဒေသခံများ အနေဖြင့် အနီးစပ်ဆုံးမြို့ဖြစ်သော မဲ့စလင်း ရမ်မြို့အနီးအနား ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်။

ကေအန်ယူတပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( ကေအန်အယ်လ်အေ) ၏ အခိုင်အမာစခန်းမရှိဘဲ ပြောက်ကြားလှုပ်ရှားရာနယ်မြေများသာဖြစ်ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုမတိုင်ခင် နာရီအနည်းငယ်အကြာက ကေအန်အယ်လ်အေတပ်များက စစ်ကောင်စီ၏ ထိုင်း- မြန်မာနယ်စပ်တွင် အရေးပါသော တပ်စခန်းတစ်ခုဖြစ်သည့် ထီးမူထစခန်းကို ရုတ်တရက်ဝင်ရောက်သိမ်းပိုက်မှုဖြစ်ပွားခဲ့သည်။

 ခြေမြန် တပ်ရင်း ( ခမရ ) ၃၄၁ တပ်များ အခိုင်အမာတပ်စွဲထားခဲ့သော ထီးမူထစခန်းသည် စစ်ကောင်စီတပ်များအတွက် အရေးပါကြောင်းကို “ သူတို့အတွက် မဟာ ဗျူဟာ အရေးပါတယ်လေ။ အဲဒီဘက်တကြောမှာ ကားလမ်းလည်း မရှိဘူး ဆိုတော့ ဒီရေလမ်းကိုပဲ အားကိုး နေ ရတာ။ ဒီရေလမ်းက တစ်ကယ် မဟာဗျူဟာကျတယ်လေ ။ လမ်းပန်းဆက်သွယ်ရေး အရရော၊... ကုန်စည်တွေပို့တာ ဖြန့်ဖြူးတာ အဲဒီ လမ်း ပဲ အား ကိုးနေရတာ" ဟု ဗဒိုစောထာနီက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထီးမူထစခန်းမှ စစ်ကောင်စီတပ်များက သံလွင်မြစ်ထဲသွားနေသော ထိုင်းနယ်ခြားစောင့်တပ်လှေတစ်စင်းကို သတိပေးပစ်ခတ်ခဲ့မှုလည်း ဖြစ်ခဲ့သေးသည်။ နားလည်မှုလွဲပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် ဖြေရှင်းချက်ထွက်ပေါ်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဧပြီလ ၂၇ ရက်နေ့အထိ ကေအန်ယူ တပ်မဟာခုနှစ်ခုသည် စစ် ကောင်စီတပ်ဖွဲ့နှင့် ရင်ဆိုင် တိုက်ပွဲပေါင်း အကြိမ် ၂၀၀ ခန့် ဖြစ်ပွားခဲ့ပြီး အမာခံ တပ်စခန်း နှစ်ခု အပါဝင် စစ် သုံးပန်းများကို ဖမ်းဆီးခဲ့နိုင်ကြောင်း ဗဒို စောတောနီက ပြောသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...