စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်သုံးခုမှ လူပေါင်းသုံးထောင်ကျော်နီးပါး ထပ်မံ စစ်ဘေးရှောင်ရ

စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်သုံးခုမှ လူပေါင်းသုံးထောင်ကျော်နီးပါး ထပ်မံ စစ်ဘေးရှောင်ရ

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ရဲ့ မတ်လကနေ ဧပြီလအတွင်း ပြန်လည်ဖြစ်ပွားလာနေဆဲ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်သုံးခုကနေ လူပေါင်းသုံးထောင်ကျော်နီးပါး ထပ်မံ စစ်ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

အင်ဂျန်းယာန်မြို့နယ်၊ မိုးမောက်မြို့နယ်နဲ့ ဖားကန့်မြို့နယ်တို့မှ ပြည်သူအချို့က အခုလို ပြန်လည်ဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ မြစ်ကြီးနားမြို့အပါအဝင် ဗန်းမော်မြို့များသို့ ပြောင်းရွှေ့လာနေကြတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ 14 ရက်နေ့ကစပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်များနဲ့ ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေက ပြန်လည်ဖြစ်ပွားလာခဲ့ပြီး၊ ဒီကနေ့အချိန်ထိ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲပါ။

ဒီလိုဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်မှ စစ်ရှောင်ပြည်သူ နှစ်ထောင်နီးပါး၊ အင်ဂျန်းယာန်မြို့နယ်မှ တစ်ထောင်နီးပါးနဲ့ ဖားကန့်မြို့နယ်မှ ငါးရာခန့်တိုက်ပွဲဘေးလွတ်ရာ ထပ်မံတိမ်းရှောင်လာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ထက်မံတိမ်းရှောင်လာကြသူများက မိုးမောက်မြို့နယ်ကအများဆုံးဖြစ်ပြီးလက်ရှိအချိန်မှာ ဗန်းမော်မြို့ထဲက ဘာသာရေးကျောင်းများနဲ့ ဘုန်ကြီးကျောင်းများမှာ ခေတ္တခ ဏခိုလှုံနေကြရတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

အချို့စစ်ဘေးရှောင်များက တိုက်ပွဲဘေးလွတ်ရာ စစ်ရှောင်စခန်းများ၊ ဘာသာရေးကျောင်းများနဲ့ ဘုန်းကြီးကျောင်းများမှာ ခိုလှုံနေကြရပေမယ့် အင်ဂျန်ယာန်မြို့နယ်က စစ်ကရှောင်ပြည်သူ အိမ်ထောင်စု 131 စုက တောထဲမှာ ပိတ်မိတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ အဆိုပါ စစ်ဘေးရှောင်များကို လိုက်ပါကူညီဆောင်ရွက်ပေးနေကြတဲ့ ဘာသာရေးဆရာများထံကနေ သိရပါတယ်။

‌ဒီလိုဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေကြောင့် ထပ်မံပြောင်းရွှေ့လာရတဲ့ စစ်ဘေးရှောင်များထဲမှာ သက်ကြီးရွယ်အိုများအပြင် မွေးကင်စကလေးငယ်များနဲ့ လသားအရွယ်ကလေးငယ်အများအပြားလည်း ပါဝင်နေပါတယ်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့အာဏာ သိမ်းစစ်ကောင်စီရဲ့ တပ်များက တိုက်ပွဲအများဆုံးဖြစ်ပွားနေပြီး၊ လက်ရှိအချိန်ထိ တိုက်ပွဲများက ပြင်းထန်နေဆဲဖြစ်ပါတယ်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...