ဆန္ဒပြသူဖမ်းလာသော ဒုရဲအုပ်အား လူထုမှ ပိတ်ဆို့ရာမှ သေဆုံး

ဆန္ဒပြသူဖမ်းလာသော ဒုရဲအုပ်အား လူထုမှ ပိတ်ဆို့ရာမှ သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ထီးချိုင့်မြို့က စစ်အာဏာရှင်စနစ်ဆန်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို ဖမ်း ဆီးပြီး ကသာထောင်သို့ပို့စဉ် ပြည်သူများလိုက်လံ ပိတ်ဆို့ရာမှ ဒုရဲအုပ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ (ယမန်နေ့) မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူကို ဖမ်းဆီးသွား သည့် ကားအား လူထုက ပိတ်ဆို့တားဆီး ကယ်တင်ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ပွင့် ဒုရဲအုပ် မြတ်ဇွဲမာန် ပွဲချင်းပြီး သေ ဆုံးသွားခြင်း ဖြစ်သည်ဟု ပြောသည်။  

“လူဖမ်းသွားတဲ့သတင်းကြားတော့ လူတစ်ရာလောက်ဆိုင်ကယ်တွေနဲ့ လိုက်ကြတာပ၊ လမ်းမှာ တူးမီးစောင့်ပစ် လို့ ကားမှောက်သွားတာ နှစ်ပွင့်ဗိုလ်က တူမီးခေါင်းမှန်တာ“ ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦး က ပြော သည်။

တက်ကြွလှုပ်ရှားသူတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဆိုသည့် သတင်းကို ပြည်သူများ ကြားရမှာ ဆိုင် ကယ်များဖြင့် လိုက်လံပိတ်ဆို့ တားဆီးကယ်တင်ရာ ရဲတပ်ဖွဲ့ဝင်များ၏ ကားမှောက်သွားသည်ဟုလည်း သိရ သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ ရွှေမိုးညှင်းလဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေ သူ စစ်အာဏာရှင်စနစ်ဆန့်ကျင် တော်လှန်သူ တစ်ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ရဲကဖမ်းဆီးပြီး ကသာ ထောင်သို့ ပို့ရန်ကားဖြင့်ခေါ်သွားသည်ကို ပြည်သူများက ပြန်လုကြခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် သေဆုံးသွားသည့် ဒုရဲအုပ် မြတ်ဇွဲမာန်သည် မောင်းကုန်းရဲကင်းမှ ဖြစ်ပြီး အခင်းဖြစ်ပွား စဉ် တူမီးသေနတ်ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ကသာမှ စစ်ကူလိုက်လာသူ ရဲနှင့်စစ်တပ်က ကျန်လူများကိုလာရောက်ကယ်စဉ် သေနတ်နှင့်ပစ်ခဲ့ခတ်၍ အမျိုး သမီးတစ်ဦး သေနတ်ထိမှန်ခဲ့ပြီး အဆိုပါ အမျိုးသမီးကို မန္တလေးဆေးရုံသို့ ဆေးကုသရန် ပို့ထားသည်ဟု ဒေသ ခံများက ပြောသည်။

ရဲနှင့် စစ်သားများ၏ ပစ်ခတ်မှုကြောင့် ကျွဲတစ်ကောင်လည်း သေနတ်ထိမှန် သေဆုံးသွားသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ခန့်က စစ်အာဏာရှင် စနစ်ဆန့်ကျင်တော်လှန်သူ ကျောင်းဆရာ၊  ဆရာမများ နှင့် ထီးချိုင့်ဒေသခံ ၁၀ ဦးကို ကသာထောင်သို့ပို့စဉ် အလယ်တောကျေးရွာအနီး ပြည်သူများက လမ်းပိတ်ကာ ဆန္ဒပြတောင်းမှုများကြောင့် ပြန်လွတ်လာသည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...