ရေးမြို့နယ်ပညာရေးမှူးရုံးဗုံးပေါက်ကွဲ၊ အဘော်ကျေးရွာတွင်လက်ပစ်ဗုံးနှင့် လက်လုပ်မိုင်းတွေ့ရှိ

ရေးမြို့နယ်ပညာရေးမှူးရုံးဗုံးပေါက်ကွဲ၊ အဘော်ကျေးရွာတွင်လက်ပစ်ဗုံးနှင့် လက်လုပ်မိုင်းတွေ့ရှိ

ရေးမြို့ ရန်မျိုးအောင်ရန်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့(ဧပြီ ၂၅) ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်ပညာရေးမှူးရုံး အုတ်တံတိုင်းအတွင်းဘက်ရှိ ရုံးမျက်နှာစာရှေ့တွင် အမျိုးအမည်မသိရသော ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ရုံးခန်းပြူတင်းပေါက်တံခါးလေကာမှန် ၆ ချပ်ကွဲသွားပြီး လူအထိအခိုက်ဖြစ်ပေါ်မှုမရှိကြောင်း သွားရောက်ကြည့်ရှုခဲ့သော ရေးမြို့ခံတစ်ဦးက ဆိုသည်။

ထို့အပြင် ရေးမြို့နယ် အဘော်ကျေးရွာ၊ ကြားအင်းကွင်းရပ်နေ ပြည်ခိုင်ဖြိုးပါတီဝင် ဦးသန်းထိုက်၏ ခြံဝင်းအတွင်း၌ စနက်တံဖြုတ်ထားသော လက်ပစ်ဗုံး ၁ လုံးနှင့် လက်လုပ် မိုင်း ၂ လုံး လာရောက်တပ်ဆင်ထားသည်ကို ယနေ့နံနက်စောစောပိုင်းက တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားအသိပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ပစ်ဗုံးနှင့် လက်လုပ်မိုင်းတို့ကို ရေးမြို့လုံခြုံရေးတပ်ဖွဲ့တို့က ယနေ့နေ့လယ်ပိုင်းအချိန်တွင် လာရောက်ဖြုတ်သိမ်းခဲ့ကြောင်း အဘော်ကျေးရွာ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အလားတူ မော်လမြိုင်မြို့ ရဲဘော်ကုန်းရပ်ကွက်ရှိ အထက (၈) ကျောင်းအနီး ဟိန္ဒူဘုရားကျောင်းရှေ့ ရဲလိုင်းခန်းအနားတွင် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...