မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့စည်း

မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့စည်း

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard) ကို ရည်ရွက်ချက် ၅ ချက်ဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်နယ်ရှိ မြို့နယ်အလိုက် (G-Z) လူငယ်၊ ကျောင်းသား၊ ဝန်ထမ်း၊ နည်းပညာတက်ပုဂ္ဂိုလ်၊ မြို့ခံရပ်မိ/ ရပ်ဖများနှင့် ပြည်သူလူထုများ စုစည်းပြီး ဖွဲ့စည်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ရည်ရွက်ချက် ၅ ချက်ရှိပြီး ၎င်းတို့မှာ နိုင်ငံတော်အာဏာကို ပြည်သူလူထုရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့အစိုးရထံ ပြန်လည်အပ်နှံရေး၊ ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များနှင့် ကျောင်းသားပြည်သူများ လွတ်မြောက်ရေး၊ ငြိမ်းချက်စွာဆန္ဒဖော်ထုတ်သည့် အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား တိုင်းရင်းသားညီနောင်များနှင့် အတူတကွ တွန်းလှန်တော်လှန်ရေး စသည့် အချက်များ ဖော်ပြထားသည်။

ထိုအပြင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်း နှိပ်စက်သတ်ဖြတ်ခြင်းမှ ကင်းဝေးရန် ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးဖြစ်ထွန်းပြီး စစ်အာဏာရှင်ကျဆုံးသည့်အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အတူတကွလက်တွဲပြီး အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းရေး တို့ပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ဖက်ဒရယ်တပ်မေတော် မဖြစ်ပေါ်လာသေးမီ စပ်ကြား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဝါဒလမ်းညွန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားဖြစ်ကြောင်း ဆိုသည်။

ထို့အတူ အချို့ တိုင်းနှင့်ပြည်နယ် များတွင်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့များကို ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း ၎င်းတို့ ထုတ်ပြန်ကြေညာထားကြောင်း ကိုလည်း တွေ့ရှိရသည်။

February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...
February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...
February 20, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်မှ တပ်အင်အား...
February 19, 2026
မွန်အမျိုးသားပညာရေးဌာနမှ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့်...