RCSS ဌာနချုပ်အနီး လက်နက်ကြီးဖြင့် ပစ်

RCSS ဌာနချုပ်အနီး လက်နက်ကြီးဖြင့် ပစ်

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း အနီးသို့ အာဏာသိမ်းစစ်ကောင်စီ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု RCSS/SSA တာဝန်ရှိသူက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် လွိုင်တိုင်းလျန်းဌာနချုပ် အနောက်ဘက်သို့ လက်နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က ပြောသည်။

“ဟုတ်ကဲ့ ဒီနေ့မနက် ထိုင်းစံတော်ချိန် ၈ နာရီခွဲလောက်မှာခင်ဗျ။ အာဏာသိမ်းစစ်တပ်က သူတို့စခန်းကုန်းက နေ ကျနော်တို့ ဌာနချုပ်နဲ့ မနီးမဝေးကို ဦးတည်ပြီးမှ လက်နက်ကြီးနဲ့ ပစ်တယ်ခင်ဗျ။ ဒီ ၈၁ မမ မော်တာတွေနဲ့ ပစ် တယ်ဗျ။ ၃ ချက်လောက် ပစ်တယ်ဗျ။” ဟုRCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က ပြောသည်။

သို့သော် လက်နက်ကြီးကျည်များသည် ၎င်းတို့ရှိရာ ဖက်သို့ ကျရောက်ပေါက်ကွဲခြင်း မဟုတ်ကြောင်း ဗိုလ်မှူးခမ်းစံ က ဆက်ပြောသည်။

၎င်းက “ပစ်တဲ့နေရာက လူတွေနဲ့တော့ မနီးဘူးဗျ။ သူတို့ရဲ့ စခန်းကုန်းက ကျ နော်တို့ ဒီဌာနချုပ်ရဲ့ အနောက် ဘက်မှာ ရှိလိမ့်မယ်။ အနောက်ဘက်မှာရှိပြီးမှ သူတို့ အရှေ့မြောက်ဘက်ကို ပစ် တယ်ပေါ့နော်။ ဒီလူရှိတဲ့နေရာကို ပစ်တာတော့ မဟုတ်ဘူး။ တခြားနေရာဘက်ကို သွားကျတာပေါ့နော်” ဟုပြောသည်။

ယခုကဲ့သို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA၏ ဌာနချုပ် လွိုင်တိုင်းလျန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သည့်ကိစ္စအပေါ် တစ်စုံတစ်ရာ မှတ် ချက်မပေးချင်သေးကြောင်း၊ သို့သော် RCSS/SSA အနေဖြင့် စစ်ရေးပြင်ဆင်မှု အဆင်သင့်ရှိသည်ဟု ဗိုလ်မှူးခမ်း စံ က ဆိုသည်။

“စစ်ရေးအခြေအနေနဲ့ကျတော့ ဒါကို ကျနော် မှတ်ချက်မပေးချင်သေးဘူးခင်ဗျ။ ကျနော်တို့ ဆိုက်ဘက်က တော့ ဒီ RCSS ဘက်ကတော့ တုန့်ပြန်မှု မရှိသေးဘူး။ အခုတည်ငြိမ်မှုကို ထိန်းသိမ်းထားတယ်။ အဲ့လောက်ပါပဲ ခင်ဗျ။ စစ်ရေးပြင်ဆင်မှုတော့ အမြဲတမ်းတော့ အဆင်သင့်ရှိထားတာပဲလေ။ တခြားအသေးစိတ်ကျတော့ ကျနော် မှတ်ချက် မပြုချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါစစ်ရေးကိစ္စဆိုတော့ မှတ်ချက်မပြုချင်ပါဘူး။”

ယခုလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင်လည်း မြန်မာ-ထိုင်းနယ်စပ်ရှိ ရှမ်းစစ်ရှောင်စခန်းများအနက် အကြီး ဆုံး စစ်ရှောင်စခန်းတစ်ခုဖြစ်သည့် လွယ်ကော်ဝမ်းစစ်ရှောင်းစခန်းအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်များက စိုးရိမ်နေကြသည်။

“ဒီ ၁၈ ရက်နေ့ကနေ သူတို့လွိုင်ကော်ဝမ်းကို နှစ်ချက်ပစ်တယ်။ အဲ့ဒါတော့ ၁၂၀ မမ မော်တာနဲ့ပစ်တယ်ခင်ဗျ။ နောက် ၁၉ ရက်နေ့ကလည်း နှစ်ချက်ပစ်တယ်။ အဲ့ဒါကတော့ ဗုံးသီးကျတဲ့နေရာကတော့ ဒုက္ခသည်တွေနေတဲ့ အိမ်ခြေနေရာတွေနဲ့ နီးစပ်တာပေါ့နော်။ ကပ်ပြီးကျတော့ စိုးရိမ်တာပေါ့နော်။ ဒုက္ခသည်စခန်းမှာတော့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ဆိုတော့ သူတို့က ဗုံးခိုကျင်းမှာ ခိုရ၊ မအိပ်ရဲ၊ ပြင်ရဆင်ရဆိုတော့ သူတို့ ရှင်သန်ရေးအတွက်ကျတော့ စိုးရိမ်ရတာပေါ့နော်” ဟု ဗိုလ်မှူးခမ်းစံ က ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလကုန်ပိုင်းအထိ အပစ်ခတ်ရပ်စဲထားသော်လည်း အပစ်ခတ် မရပ်ထား သည့် လက်နက်ကိုင်အဖွဲ့များနှင့်သာမက အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် KNU နယ်မြေထဲတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ယခုခါ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် RCSS/SSA ၏ ဌာနချုပ် လွိုင်တိုင်းလျန်းဌာနချုပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ က မြန်မာ-ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်ရုံး)မှ ထိုင်းဘက်ခြမ်းရှိ နယ်ခြား ကော်မတီ (မယ်ဆိုင်ရုံး)ကို ပေးပို့လာသည့် အကြောင်းကြားစာအရ အာဏာသိမ်းတပ်မှ RCSS/SSA ၏ ထိုင်းနယ် စပ်တစ်လျှောက်ရှိ အခြေစိုက်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သည် ဆိုသည့် သတင်းများထွက် ပေါ်လာခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နေ့နှင့် ဧပြီလ ၁၉ ရက်နေ့တို့တွင် ရှမ်းစစ်ရှောင်စခန်းထဲသို့  လက်နက်ကြီး များဖြင့် ပစ်ခတ်ခံခဲ့ပြီးနောက် ယနေ့တွင် ဌာနချုပ် လွိုင်တိုင်းလျန်းကိုလည်း ထပ်မံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အကြောင့် ယခုခါ RCSS/SSA ဌာနချုပ်အနီးရှိ ရှမ်းစစ်ဘေးရှောင်များမှ စစ်ရှောင် ၆၀၀၀ ကျော်က ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး တိုက်ပွဲများ ဖြစ်ပွားလာပါ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဝင်ရောက်ခိုလှုံခွင့်ပြု ပေးရန် ထုတ်ပြန် တောင်းဆိုထားကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...