ကသာမှ ဖမ်းဆီးခံရသူများ မိသားစုနှင့် တွေ့ခွင့်မရ

ကသာမှ ဖမ်းဆီးခံရသူများ မိသားစုနှင့် တွေ့ခွင့်မရ

လက်နက်မှုပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်မှ ပြည်သူများမှာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးဘူး ဟု ပြောသည်။

အဆိုပါ ပြည်သူများကို စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က)နှင့် ပုဒ်မ ၁၉ (င)၊ ၁၉(စ) ဖြင့် တရားစွဲဆိုထားပြီး ကသာ ထောင်တွင် ထားရှိကာ ယနေ့အချိန်ထိ လူချင်းတွေ့ဆုံခွင့်မရသေးကြောင်း မိသားစုဝင်များ က ပြောသည်။

“ဖမ်းသွားကတည်းက ဒါပထမဆုံးအကြိမ် ပစ္စည်းပို့ခွင့်ရတာပ၊ တစ်ချို့က တူမီးနဲ့ဖမ်းမိတာဆိုတော့ ရိုက်နက် စစ်ဆေးခံထားရမျိုးလည်းရှိနိုင်တော့ စိတ်ပူတာပ“ ဟု ဖမ်းဆီခံသူ တစ်ဦး၏ မိသားစုဝင်တစ်ယောက် က ပြောသည်။

ယခုဖမ်းဆီးခံထားရသူများမှာ ပြီးခဲ့သည့် မတ်လ ၃ရက်နေ့က အင်းတော်မြို့တွင် ညသပိတ်ဆင်နွဲစဉ် ဖမ်းဆီးခံရ သူများဖြစ်ပြီး အကြော်အလှော်ကဲ့သို့ စားသောက်စရာများ၊ မုန့်များ၊ ရော်ဘာဖိနပ်များကိုသာ ပေးပို့ခွင့် ပြု ကြောင်း သိရသည်။

မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးသည့် သူများမှာ အင်းတော်မြို့နယ် လယ်ပြင်အုပ်စု နားခါကျေးရွာမှ ည သပိတ်ဆင်နွဲနေစဉ်က ဖမ်းဆီးထိမ်းသိမ်းထားသူ ၇ ဦးခန့် နှင့် ဧပြီ ၄ ရက်၊ နံနက်ပိုင်းက ဆန္ဒပြစဉ် ဖမ်းဆီး ခံရသူ ၇ ဦး စုစုပေါင်း ၁၄ဦးခန့် ဖြစ်ကြသည်။

၎င်းတို့ကို ကသာထောင်တွင် ထိမ်းသိမ်းခံရထားပြီး မူလက ၅၀၅ (က) ဖြင့် စွဲဆိုထားရာမှ ယခုတွင် အချို့အား ၁၉ (င) ၁၉ (စ) လက်နက်မှုများဖြင့် ထပ်တိုးစွဲဆိုထားကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန် ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့ တည်းမဟုတ် ထိုသို့ပြုစေသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။

ပုဒ်မ ၁၉(င)နှင့် ပုဒ်မ ၁၉(စ) တို့သည် လက်နက်အက်ဥပဒေ ပုဒ်မများ ဖြစ်ကြပြီး လက်နက်အက်ဥပဒေပုဒ်မ ၁၉ (င) အရ ပြစ်မှုကျူးလွန်သူကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခွင့်ရှိသည်။

အဆိုပါပုဒ်မ နှစ်ခုသည် မည်သူမဆို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန် အကြံဖြင့် လက်နက်ခဲယမ်း မီးကျောက် များ၊ စစ်ပစ္စည်းများကို တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ မိမိ၏ကြီးကြပ်မှုအောက်မှာ ထားရှိခြင်း၊ တင်သွင်းခြင်း၊ သယ်ပို့ခြင်းနှင့် အပ်နှံရန်ပျက်ကွက်ပါက အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မများ ဖြစ် သည်။

လက်နက်အက်ဥပဒေပုဒ်မနှင့် တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသူများကို အင်းတော်မှ ၁၈ မိုင်ခန့် ကွာဝေးသည့် ကသာမြို့ရှိ ထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...