စစ်အာဏာရှင် အပြီးတိုင် ပျက်သုန်းရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်း ကြားကာလ ဒုသမ္မတပြော

စစ်အာဏာရှင် အပြီးတိုင် ပျက်သုန်းရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်း ကြားကာလ ဒုသမ္မတပြော

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းသွားအောင် လုပ်ဆောင်နိုင်သည့် အကောင်းဆုံး အချိန်ဖြစ်သည့်အတွက် စိတ်ဝမ်းကွဲမှုများ မရှိပဲ အောင်ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူများအား တိုက်တွန်းပြောကြား လိုက်သည်။

ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ဧပြီလ ၁၇ ရက်နေ့က ပြည်သူများထံသို့ ပြောကြားသည့် နှစ်သစ်ကူး မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောဆို သွားခြင်း ဖြစ် သည်။

၎င်းက “အခုအချိန်အခါဟာ စစ်အာဏာရှင် အမြစ်ပြတ် ကွယ်ပျောက်စေဖို့ တိုက်ပွဲဝင်ရန် အကောင်းဆုံး အချိန် ဖြစ်တဲ့အတွက် ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူများနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် သွားမှာဖြစ်သလို ပြည်သူများအနေနှင့်လည်း စိတ်ဝမ်းကွဲမှုမရှိဘဲ၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ အောင်စိတ်ကို မွေးပြီး ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်” ဟု ပြောသည်။

ထိုသို့စည်းလုံးညီညွှတ်စွာ တော်လှန်တိုက်ပွဲဝင်ခြင်းကြောင့် အောင်မြင်မှုရသည့် အခါတွင်လည်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရက ပြည်သူများကို ပြန်လည် ကျေးဇူးတုန့်ပြန်သွားမည့်အပြင် တိုင်းရင်းသား ပြည် သူတစ်ရပ်လုံး  လိုလားတောင့်တနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်အောင် လည်း ကြိုးစား လုပ်ဆောင်သွားမည် ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု့ CDM ကြောင့် စစ်အာဏာရှင်တို့ အထိနာနေပြီ ဖြစ်သည့် အတွက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအနေဖြင့် အောင်ပွဲရ သည့်အထိ ဆက်လက် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံ ပန်ကြားထားသည်။

“စစ်အာဏာရှင်များ ပြုတ်ကျပြီး နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားသစ်ကို CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့တဲ့ ဝန်ထမ်း များကို အခြေခံပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ကာ ကွယ် စောင့်ရှောက်ရန် ကတိသစ္စာပြုထားသော်လည်း ကတိသစ္စာ ပြုထားသည့်အတိုင်း လိုက်နာမှုမရှိဘဲ ပြည် သူများကို သတ်ဖြတ်၊ ညှဉ်းပန်း၊ နှိပ်စက်နေသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကိုလည်း ပြည်သူများအပေါ် သစ္စာရှိ သည့်သူများဖြင့် ပြန်လည် ဖွဲ့စည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင် သန်း က ပြောသည်။

စစ်အာဏာရှင်၏ လက်ပါးစေများက အကြမ်းဖက်မှုများကို ဥပဒေမဲ့ နေ့စဉ်ရက်ဆက် နည်းမျိုးစုံ  လုပ်ဆောင် နေသည့်အတွက် လုံခြုံမှု မရှိတော့ပဲ ကျီးလန့်စာ စားနေရသည့် ဘဝမှ ပြည်သူများ လွတ်မြောက်ရန် ကာ ကွယ် ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ အပါအဝင် အဖွဲ့ အစည်းပေါင်းစုံနှင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ထို့အပြင် စစ်အာဏာရှင် အမြစ်ပြတ် ပြုတ်ကျရေးအတွက်လည်းကောင်း၊ စစ်အာဏာရှင်တို့၏ တရားမဲ့ပြုကျင့် မှုများကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူများအတွက်လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့ လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဝန်ထမ်းများအတွက်လည်း ကောင်း၊ စစ်အာဏာရှင်တို့မှ တိုင်းရင်းသား ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ ထွက်ပြေးတိမ်း ရှောင်နေရသော တိုင်းရင်းသားပြည်သူများအတွက်လည်းကောင်း အကူအညီများရရှိရန် ပြည်တွင်းပြည်ပရှိ နိုင်ငံ တကာအဖွဲ့အစည်းများ၊ နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ ကြိုးစားဆောင်ရွက်နေပြီ ဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးချုပ် က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း ကြောင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ် ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုအစိုးရအဖွဲ့တွင် နိုင်ငံတော် သမ္မတ အဖြစ် ဦးဝင်းမြင့်၊ ဒုတိယ သမ္မတအဖြစ် ဒူဝါလရှီးလ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နောက်တစ်ရက် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ၎င်း ၏ ပထမဦးဆုံး နှစ်သစ်အဖွင့် မိန့်ခွန်းပြောဆိုရာတွင် အထက်ပါ အကြောင်းအရာ များကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...