စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများအပေါ် အာဆီယံမှ တာဝန်ခံရန် ၈၈ မျိုးဆက် အဖွဲ့ပြော

စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများအပေါ် အာဆီယံမှ တာဝန်ခံရန် ၈၈ မျိုးဆက် အဖွဲ့ပြော

အကြမ်းဖက် သတ်ဖြတ်မှုများကို စစ်ကောင်စီမှ ပိုမိုလုပ်ဆောင် လာပါက အာဆီယံအဖွဲ့တွင် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းက ထုတ်ပြန်ပြောဆိုလိုက်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း၏ ဧပြီလ ၁၉ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည့် အာဆီယံ အဖွဲ့အနေဖြင့် အကြမ်းဖက် အာဏာလု စစ်ကောင်စီကို လူရာသွင်းရန် ကြိုးပမ်းနေမှုအပေါ် ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချသည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းက “ထို့ကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ အား ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ပိုမို လုပ်ဆောင်လာပါက အာဆီယံတွင်လည်း တာဝန်မကင်းကြောင်း သတိပေး လိုက်ပါသည်” ဟု ပြောသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အာဆီယံအဖွဲ့မှ စစ် ကောင်စီအား ဖိတ်ကြားထားပြီး ထိုအစည်းအဝေးသို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တက်ရောက်မည်ဟု သိရသည်။

ထိုသို့ဖိတ်ကြားမှုကြောင့် ပြည်သူ့အစိုးရကို ဖမ်းဆီးကာ ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်နေသည့် အာ ဏာလု စစ်ကောင်စီကို လူရာသွင်းရန် ကြိုးပမ်းသည့် အရိပ်လက္ခဏာများ တွေ့နေရသည်ဟု ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် လူ့အဖွဲ့အစည်း က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှု နှစ် ၃၀ ကျော်အတွင်း အာဆီယံသည် စစ်တပ်ဘက်မှသာ ရပ်တည်ခဲ့သော သမိုင်းဆိုးများ ရှိခဲ့ပါသည် ဟု လည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း၏ ထုတ်ပြန် ချက် ထဲတွင် စွပ်စွဲထားသည်။

၎င်းတို့က “အာဆီယံအဖွဲ့သည် မိမိ၏ ကိုယ်ကျိုးစီးပွားရေးတွင်သာ အာရုံစိုက်လေ့ရှိပြီး ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး ပြဿနာများကို အောင်မြင်စွာ အရေးယူ ဖြေရှင်းနိုင်သည့် မှတ်တမ်းများ မရှိခဲ့သည်မှာလည်း ရှက် ဖွယ်လိလိပင် ဖြစ်ပါသည်” ဟု ပြောဆိုထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုထိပ်သီးအစည်း အဝေးတွင် မြန်မာအရေးနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးကြမည့် အစည်းအဝေးဖြစ်သည် ဟု သိရသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...