မူဆယ် လူငယ်တဦး ကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွား

မူဆယ် လူငယ်တဦး ကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းမြောက် မူဆယ်မြို့ လူငယ်တဦးကို ယနေ့ (ဧပြီ ၁၇)ရက် မနက်ပိုင်း တွင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဧပြီ ၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့ မနက် (၉)နာရီခွဲကျော်တွင် လွယ်တိန်းခမ်း တောင် အတက် မေဦးလက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အသက် (၂၂)နှစ်အရွယ် လူငယ်တဦးဖြစ်သည့် ဟိန်းဝင်းဦးကို အရပ်ဝတ်ဖြင့် လူအင်အား(၁၅)ဦးရှိသည့် အကြမ်းဖက် စစ်ကောင်စီ အုပ်စု က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်မြို့ မျက်မြင် တွေ့ရှိသူများက ပြောသည်။

“ ဒီနေ့ မနက် (၉)နာရီခွဲ (၁၀)ဝန်းကျင်လောက် ကား(၅)စီးနဲ့ အရပ်ဝတ်လူတွေ ဆိုင်ထဲကိုဝင်လာတယ်။ ဆိုင်ထဲမှာ ထိုင်နေတဲ့ လူငယ်တဦးကို မေးစရာရှိလို့ဆိုပြီး အတင်းဆွဲခေါ်သွားတယ်” ဟု မျက်မြင် အမျိုးသား တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် လူငယ်သည် မူဆယ်မြို့တွင် တက်ကြွလှုပ်ရှားနေသည့် လူငယ်တဦးဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ မိသားစုဝင်များကို အကြောင်းတစုံတရာလာရောက် ပြောဆိုခြင်းမရှိသေးကြောင်းလည်း သိရသည်။

“ လူငယ်လိုက်သွားတဲ့ ကားက 7J- 7316 ပါ။ ကားကို ရဲစခန်းထဲ မောင်းသွားတယ်လို့ ကြားတယ်” ဟု လည်း အထက်ပါ အမျိုးသား က ဆိုသည်။

မူဆယ်မြို့တွင် လက်ရှိအချိန်ထိ စစ်အာဏာရှင် ကျဆုံးရေးအတွက် နေ့စဉ်နဲ့ အမျှ နည်းမျိုးစုံ ဆန္ဒထုတ်ဖော်နေကြသည်။

ထိုစစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသူ (၂)ဦးရှိပြီး၊ ဖမ်းဆီးခံရသူ အယောက် (၃၀) ထက်မနည်း ရှိကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...