မြင်းခြံမြို့ပစ်ခတ်မှု သေဆုံးသူ လေးဦးရှိ

မြင်းခြံမြို့ပစ်ခတ်မှု သေဆုံးသူ လေးဦးရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ စစ်အာဏာရှင်ရဲ့တပ်တွေဟာ မနက်ပိုင်းက ထပ်မံပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူ သုံးဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကတည်းက အကြမ်းဖက်ပစ်ခတ်မှုတွေလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းက မြင်းခြံအမှတ်(၆)ရပ်ကွက်ကို ထပ်မံပစ်ခတ်ခဲ့ရာမှာ ပြည်သူနှစ်ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး အလောင်းကောက်လို့ မရသေးဘူးလို့သိရပါတယ်။

မြင်းခြံမြို့အထွက် အနီးဝန်းကျင်အထိ လိုက်လံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နေ့ခင်းပိုင်းမှာ ပြည်သူလေးဦးထပ်မံကျည်ဆံထိမှန်ခဲ့ပြီး တစ်ဦးကျဆုံးကာ သုံးဦးဟာ အရေးပေါ်ကုသနေရတယ်လို့ မြင်းခြံမြို့မှာ နေထိုင်သူတစ်ဦးက မဇ္စျိမသတင်းဌာနကို အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မနက်ပိုင်းကလည်း ဒေသခံ ၆ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မဇ္စျိမသတင်းဌာနနဲ့ ဆက်သွယ်နေချိန် ယနေ့ နေ့ခင်း၂ နာရီအချိန်မှာတော့ ပစ်ခတ်မှုတွေရပ်နေပြီး ရပ်ကွက်တချို့ကနေ အိမ်တွေကို ဝင်ရောက်စစ်ဆေးရိုက်နှက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မနေ့ကနေ ယနေ့မနက်အထိ မြင်းခြံမြို့ပစ်ခတ်မှုမှာ သေဆုံးသူ လေးဦးရှိခဲ့ပြီးသေနတ် ဒဏ်ရာရရှိသူ လေးဦးရှိထားပြီးဖမ်းဆီးခံထားရသူ ခြောက်ဦး ရှိတယ်လို့ အတည်ပြုချက်ရထားပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...