ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို နိုင်ငံတကာမှ အသိအမှတ်ပြုရန်နှင့် အစိုးရ၏ ယန္တရားများကို ပြည်သူလူထုများအတွင်း လက်တွေ့အမြစ်တွယ်နိုင်အောင် လုပ်ဆောင်မည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါ လရှီးလ က ဧပြီလ ၇ ရက်နေ့ (ယနေ့) တွင် ပြောဆိုလိုက်သည်။
အဆိုပါ လုပ်ငန်းစဉ် နှစ်ရပ်မှာ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရမှ အဓိက လုပ်ဆောင်မည့် လုပ်ငန်း စဉ်ဖြစ်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ ၏ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ထားသည်။
နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါလရှီးလ က “ထိုလုပ်ငန်းစဉ် နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်တပ်မတော် တည်ထောင်ခြင်း၊ သံခင်းတမန်ခင်းနည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရ ရှိလာအောင် ဆောင်ရွက်ခြင်း စသည့် အရေးကြီးသော နိုင်ငံရေးကဏ္ဍများအား ဆက်လက် ဆောင်ရွက်သွား ရ မည် ဖြစ်သည်” ဟုပြောသည်။
ဧပြီလ ၁၆ ရက်နေ့ (ယမန်နေ့) က ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ကြားကာလ အမျိုးသား ညီညွှတ်ရေးကို ဖွဲ့စည်းကြောင်း ကြောညာခဲ့ပြီး ထိုအစိုးရအဖွဲ့တွင် နိုင်ငံတော် သမ္မတ အဖြစ် ဦးဝင်း မြင့်၊ ဒုတိယ သမ္မတအဖြစ် ဒူဝါလရှီးလ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တစ်ရက် ဧပြီလ ၁၇ ရက် (ယနေ့) တွင် နိုင်ငံတော် ဒုတိယ သမ္မတက ၎င်း ၏ ပထမဦးဆုံး နှစ်သစ်အဖွင့် မိန့်ခွန်းကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိကြားကာလ အစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ချမှတ်ထားသော ဖက်ဒရယ် ဒီမိုကရေစီ နိုင် ငံသစ်တစ်ရပ် ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံ (၈) ချက်အား လက်တွေ့ အကောင်အထည် ဖော် ဆောင်မည့် နိုင်ငံရေးခရီးလမ်းမှာ ကြမ်းတမ်းဦးမည် ဖြစ်ကြောင်းနှင့် ကြားကာလ အစိုးရသည်လည်း တိုက်ပွဲဝင် အစိုးရတစ်ရပ်သာ ဖြစ်သည် ဟု ဆိုသည်။
ထို့အပြင် တာဝန်ထမ်းဆောင်ရမည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ပြည်သူလူထု ခံစားနေရသည့် မတ ရား ညဉ်းပန်းနှိပ်စက်မှု၊ ကြောက်ရွံ့ထိတ်လန့်မှု၊ အနာဂတ်၏ မသေချာမရေရာမှု၊ စားဝတ်နေရေးခက်ခဲမှု စသည် တို့ကို လုံခြုံစိတ်ချရသော လူနေမှုဘဝများအဖြစ်သို့ တည်ဆောက်ရန် ကြားကာလအစိုးရတွင် တာဝန်ရှိ သည် ဟု နိုင်ငံတော် ဒုတိယ သမ္မတက နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။
နွေဦးတော်လှန်ရေးအတွင်း ပေးဆပ်အနှစ်နာသူများနှင့် ပတ်သက်၍ နိုင်ငံတော် ဒုတိယ သမ္မတ က “စစ်အာ ဏာသိမ်းစဉ်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ အသက်စတေး ခဲ့ရသူများ၊ CDM ဝန်ထမ်း များ၊ စစ်အာဏာရှင်တပ်များ နှင့် စစ်မြေပြင်တွင် လက်တွေ့ တိုက်ပွဲဝင်နေသော ရဲဘော်များ၏ စွန့်လွှတ် အနစ် နာခံမှုများသည် လောကပါလတရားနှင့် ညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်ရေးတွင် အခြေခံအုတ်မြစ်များ ဖြစ်သည်ဟု မှတ်တမ်းတင်အပ်ပါသည်” ဟု ပြောသည်။
ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ဒုတိယ သမ္မတက အထူးပြောကြားလိုသည်မှာ ကြီးမားလှသည့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် အမျိုး သားညီညွတ်ရေးအစိုးရ တစ်ရပ်အနေဖြင့် ရာထူး ရယူခြင်းမျိုး မဟုတ်ပဲ ခက်ခဲလှသည့် ကြားကာလ နိုင်ငံရေး လမ်းပြမြေပုံပါ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီး ပဋိညာဉ်ပါ ရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ ဖြစ်သည်ကို အစဉ်သဘောပေါက် ခံယူရန် လိုအပ်ပါသည်ဟု ဆိုသည်။
ထို့အပြင် စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးနှင့် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဒူဝါလရှီးလ က ကတိပြု ပြောကြားထားသည်။







