ရေပူစစ်ဆေးရေးစခန်းအား ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများရှိသော်လည်း စိတ်ပူစရာမရှိဟုဆို

ရေပူစစ်ဆေးရေးစခန်းအား ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများရှိသော်လည်း စိတ်ပူစရာမရှိဟုဆို
by -
မဇ္ဈိမ
မဝင်သယ်ဆောင်လာသော ပစ္စည်းများကို နေ့စဉ်ဖမ်းဆီးနေသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအား ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း ယင်းစခန်းမှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

အဆိုပါ ရေပူစခန်းမှ ဧပြီလ ၂၈ ရက်က ၁၂ ဘီးကား ၅ စီးဖြင့် အရည်အသွေးမြင့်သစ်များ ဖမ်းဆီးရမိခဲ့သည့် အချိန်မှစ၍ ဖုန်းဖြင့်လည်းကောင်း၊ ရေပူစခန်း တရားဝင် လူမှုကွန်ယက်စာမျက်နှာတွင် လည်းကောင်း မကြာခဏ စခန်းအား ပစ်ခတ်မည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောသည်။

"ခြိမ်းခြောက်နေတဲ့သူတွေက ကိုယ်တို့ဖမ်းဆီးရမိတာတွေနဲ့ ပတ်သက်နေသူတွေ ဖြစ်မှာပေါ့။ အဲ့ဒါတွေက သာမာန်ပါ။ ကိုယ်တို့ဆီမှာ လုံခြံုရေးပိုင်းက တပ်တွေလည်းရှိတယ်။ ပိန်းဆာပြည်သူစစ်တွေနဲ့   ရဲတွေလည်းရှိပါတယ်။ စိုးရိမ်စရာမရှိပါဘူး" ဟု ဦးတက်ထွန်းအောင်က လုံခြံုရေးပိုင်းနှင့်ပတ်သက်ပြီး ရှင်းပြသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝမှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး အဆိုပါ ကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များနှင့် အသုံးအဆောင်ပစ္စည်းများကို     ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့မှ ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...