KIA ဌာနချုပ်အနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

KIA ဌာနချုပ်အနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့သည်ဟု ကေအိုင်အို တာဝန်ရှိသူများနှင့် ဒေသခံများ က ပြောသည်။

ဧပြီလ ၈ ရက်နေ့(ယမန်နေ့) ညက လိုင်ဇာမြို့၊ မိုင်ဆပ်ပါကျေးရွာအနီး KIA တပ်မဟာ ၅ လက် အောက်ခံ တပ် ရင်းများ ဖြစ်ကြသည့် တပ်ရင်း ၁၉ နှင့် တပ်ရင်း ၂၄ နယ်မြေများထဲသို့ စစ်ကောင်စီတပ်များ က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်နက်ကြီးသံများကြောင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု ပြောသည်။

လိုင်ဇာက ဒေသခံတစ်ဦး က “ဟုတ်တယ် ကျမတို့ဆီမှာ ည ၈ နာရီကျော်ကျော် ၉ နာရီလောက်က လက်နက် ကြီးသံတွေ ကြားနေရတယ်။ ဝေးတော့ဝေးတယ်။ ဒါပေမယ့် အသံတွေက လိုင်ဇာကနေတောင်ကြားရတာ ဟုတ်တယ်။ တချို့လည်း ကြောက်တာပေါ့နော်။ အသံကြားတော့ လန့်တာပေါ့။ ဒီကလူတွေတော့ အမြဲတမ်း အဆင်သင့်ပေါ့။ ဒီမှာက စစ်ရှောင်တွေလည်း ရှိတယ်လေနော်။ အားလုံးကတော့ စိုးရိမ်နေတာပေါ့” ဟု ပြော သည်။

ဧပြီလ ၈ ရက်နေ့ ည ၈း၂၀ နာရီအချိန်ခန့်တွင် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ ဟန်းကိုင်ဘွမ် (ဟန်းကိုင်တောင်) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်က လိုင်ဇာဌာချုပ်အနီး လက်နက်ကြီး-၁၀၅ မမ ဖြင့် ၁၀ ကြိမ်ပစ်ခတ်ခဲ့သည်။

အလားတူ အာဏာသိမ်းစစ်တပ် ခရာဘွမ်(ခရာတောင်) ဘက်မှ KIO ဘက်ခြမ်းဖြစ်သည့် စင်းယူးဘွမ် (စင်းယူး တောင်) ဘက်သို့ လက်နက်ကြီး-၈၁ မမ ဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် KIA တပ်ရင်း ၂၇ နယ်မြေထဲက ဒိန်ဆိန်းဘက်ကို မံစီမြို့နယ်အတွင်း မဂျိဂုန်ဒေသတွင် ရှိနေသည့် စစ် ကောင်စီတပ် က လက်နက်ကြီး-၁၀၅ မမ ဖြင့် ပစ်ခတ်ခဲ့သည်ဟု KIA တာဝန်ရှိသူက ပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးများ မပစ်ခတ်မီ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် KIA တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။  

ဧပြီလ ၈ ရက်နေ့တွင် မိုးကောင်းဘက်မှ မြစ်ကြီးနားဘက်ကို တက်လာသည့် စစ်ကောင်စီတပ်၏ စစ်တပ်ယာဉ် တန်းကို KIA တပ်ဖွဲ့က မိုးကောင်းနှင့် မရန်ကထောင်ကျေးရွာအကြား မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

“အခုဆိုရင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ကချင်မှာလည်း တခြားပြည်နယ်တွေလိုပါပဲ။ လူငယ်တွေ လည်း မလုံခြုံကြတော့ဘူး။ မြို့ထဲမှာလည်း မလုံခြုံဘူး။ ကျနော်တို့ စီတာပူမှာဆိုလည်း ညတိုင်း ဧည့်စာရင်း စစ်တယ်။ တောထဲတွေလည်း တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ KIA နဲ့ကလည်း တိုက်ပွဲတွေ ပြန် ဖြစ်လာတယ်။ အင်ဂျန်းယန်ကလူတွေလည်း စစ်ရှောင်နေရတယ်။ ဒီရက်ပိုင်းဆို စိန်လုံဘက်ကလူတွေတောင်မှ ရွာထဲမှာ မနေရဲကြတော့ဘူးတဲ့။ အကုန်လုံးတောထဲဘက်ကို စစ်ရှောင်နေကြတယ်” ဟု စစ်ရှောင်များအား ကူညီနေသည့် မြစ်ကြီးနားမြို့ခံ တစ်ဦး က ပြောသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာအနီးတွင် ဧပြီလ ၈ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်က KIA တပ်ရင်း (၁၁)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ "ဒီကိစ္စက ဗမာစစ်သားတွေက မိုးကောင်းဘက်ကနေ စစ်ကား၃စီးနဲ့ မိုးကောင်း ဘက်ကနေဆင်းလာတာ ဟုတ် တယ်။ အချိန် က ၈ နာရီခွဲလောက်ဖြစ်မယ်။ မရန်ကထောင်ရွာကနေ ဝင်လာ တယ်။ အဲ့ဒါကြောင့် ကေအိုင်အေနဲ့ ထိတ်တိုက်တွေ့ဆုံတိုက်ခိုက်တဲ့တိုက်ပွဲလို့ပြောလို့ရတယ်။ သူတို့လည်း စစ် ရေးလှုပ်ရှားလာတော့ ဖြစ်ခဲ့တဲ့တိုက်ပွဲပါ” ဟု ရှေ့တန်းတွင် တာဝန်ကျနေသည့် KIA တာဝန်ရှိသူတစ်ဦး က ပြော သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် လာသည့်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့က တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...