ဖားအံမြို့ရှိ ကလေးအထူးကု(အငြိမ်းစား) ဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

ဖားအံမြို့ရှိ ကလေးအထူးကု(အငြိမ်းစား) ဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

ဖားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကြာအင်းဘက်တွင် ‘အာရုဏ်နှင်း’ကလေးအထူးကု ဆေးကုခန်းဖွင့်ထား သည့် ဒေါက်တာအုံးအုံးရီကို ဧပြီလ ၈ရက်နေ့ ညနေပိုင်းက အရပ်ဝတ်ဖြင့် ရဲများ လာရောက်ဖမ်းဆီးသွားခဲ့ ကြောင်း သိရသည်။

“မနေ့ညနေတုန်းကပဲ လာဖမ်းသွားတာ။ မနက်ပိုင်းတုန်းကတောင် ဆေးခန်းက ဖွင့်နေသေးတယ်။ အဲဒါ အရပ်ဝတ်တွေနဲ့ လာခေါ်သွားတာပဲလေ။”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

၎င်းကလေးအထူးကု(အငြိမ်းစား)ဆရာဝန်၏ အိမ်ရှေ့တွင် CDM မလုပ်သည့်သူများကို ဆေးကုသမှုမပေး ကြောင်း ရေးသားထားပြီး ဆေးခန်းထဲရှိ သင်ပုန်းပေါ်၌လည်း အလားတူ ရေးသားထားသလို ဆေးခန်း၏ ခြံစည်းရိုးတံခါး၌လည်း ရေးချိတ်ထားသည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

သို့သော် အသက် ၇၀ခန့်ရှိ အဆိုပါဆရာဝန်ကို မည်သည့်အကြောင်းကြောင့် မည်သည့်နေရာသို့ ဖမ်းဆီးသွား သည်ကို ယခုအချိန်ထိ မသိရှိရသေးပေ။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...