ဖားအံမြို့ရှိ ကလေးအထူးကု(အငြိမ်းစား) ဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

ဖားအံမြို့ရှိ ကလေးအထူးကု(အငြိမ်းစား) ဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

ဖားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကြာအင်းဘက်တွင် ‘အာရုဏ်နှင်း’ကလေးအထူးကု ဆေးကုခန်းဖွင့်ထား သည့် ဒေါက်တာအုံးအုံးရီကို ဧပြီလ ၈ရက်နေ့ ညနေပိုင်းက အရပ်ဝတ်ဖြင့် ရဲများ လာရောက်ဖမ်းဆီးသွားခဲ့ ကြောင်း သိရသည်။

“မနေ့ညနေတုန်းကပဲ လာဖမ်းသွားတာ။ မနက်ပိုင်းတုန်းကတောင် ဆေးခန်းက ဖွင့်နေသေးတယ်။ အဲဒါ အရပ်ဝတ်တွေနဲ့ လာခေါ်သွားတာပဲလေ။”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

၎င်းကလေးအထူးကု(အငြိမ်းစား)ဆရာဝန်၏ အိမ်ရှေ့တွင် CDM မလုပ်သည့်သူများကို ဆေးကုသမှုမပေး ကြောင်း ရေးသားထားပြီး ဆေးခန်းထဲရှိ သင်ပုန်းပေါ်၌လည်း အလားတူ ရေးသားထားသလို ဆေးခန်း၏ ခြံစည်းရိုးတံခါး၌လည်း ရေးချိတ်ထားသည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

သို့သော် အသက် ၇၀ခန့်ရှိ အဆိုပါဆရာဝန်ကို မည်သည့်အကြောင်းကြောင့် မည်သည့်နေရာသို့ ဖမ်းဆီးသွား သည်ကို ယခုအချိန်ထိ မသိရှိရသေးပေ။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...