မဇ္ဈိမမီဒီယာ လုပ်ဖော်ကိုင်ဖက်ဟောင်း ၂ဦး ဖမ်းဆီးခံရ

မဇ္ဈိမမီဒီယာ လုပ်ဖော်ကိုင်ဖက်ဟောင်း ၂ဦး ဖမ်းဆီးခံရ

မဇ္ဈီမမီဒီယာ သတင်းဌာန၏ လုပ်ဖော်ကိုင်ဖက်ဟောင်း ၂ဦးကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ က ယမန်နေ့ (ဧပြီ ၈)ရက်တွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၂ဦး ထဲမှ တဦးသည် မဇ္ဈိမ မီဒီယာ သတင်းဌာန ပူးတွဲ တည်ထောင်သူ ဖြစ်သည့် မသင်းသင်းအောင် နှင့် လုပ်ဖော်ကိုင်ဖက်ဟောင်း ကိုဂျိမ်းပုထုံ တို့ဖြစ်ကြပြီး၊ ယမန်နေ့ (ဧပြီ ၈)ရက်တွင် အာဏာသိမ်း စစ်ကောင်စီ မှ ၎င်းတို့၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးကြောင်း သိရသည်။

မဇ္ဈိမ မီဒီယာ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများဖြစ်ကြသော ဒေါ်သင်းသင်းအောင် နှင့် ကိုဂျိမ်းပုထုံ တို့သည် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ၎င်း သတင်းဌာနမှ တရားဝင် နှုတ်ထွက်အနားယူသွားကြောင်း သိရသည်။

ဒေါ်သင်းသင်းအောင်သည် ကျန်းမာရေးကြောင့် မဇ္ဈိမတွင် အချိန်ပိုင်း လုပ်ကိုင်နေခဲ့ရာမှာ လုံးဝ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ပူးတွဲတည်ထောင်သူ ဖြစ်သည်။

သူတို့ နှစ်ဦးသည် အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်လျက်ရှိပြီး အမြန်ဆုံး လွှတ်ပေးပါရန် မဇ္ဈိမ သတင်းဌာနက ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

မဇ္ဈိမ သတင်းဌာန အပါအဝင် မြန်မာနိုင်ငံတွင်းရှိ လွတ်လပ်သည့် သတင်းဌာနကြီး (၅) ခုဖြစ်သည့် DVB သတင်းဌာန၊ Myanmar Now သတင်းဌာန၊ မဇ္ဈိမ သတင်းဌာန၊ 7 Days သတင်းဌာန နှင့် ခေတ်သစ်မီဒီယာ သတင်းဌာန တို့သည် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ သတင်းပိတ်ပင်တားဆီးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ပြီး ၂ လကျော် ကာလ မှာ သတင်းထောက် (၅၀) ကျော် ဖမ်းဆီးခံခဲ့ရပြီး (၁၅) ဦးမှာ တရားစွဲဆိုခံထားရသည်ဟု ဖမ်းဆီးခံ သတင်းထောက်များ နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...