ကချင်ပြည်နယ် CDM လှုပ်ရှားမှုတွင် ပညာရေးဝန်ထမ်းအများစုပါဝင်ဟု KPICT ထုတ်ပြန်

ကချင်ပြည်နယ် CDM လှုပ်ရှားမှုတွင် ပညာရေးဝန်ထမ်းအများစုပါဝင်ဟု KPICT ထုတ်ပြန်

ကချင်ပြည်နယ် ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် အစိုးရဝန်ကြီးဌာနများအနက် ပညာရေးဌာနသည် အများဆုံးဖြစ်ကြောင်း ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ KPICT အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိအခြေနေထိ KPICT သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်များနှင့် ပူးပေါင်းကောက်ခံ စုစည်းထားသော စစ်တမ်းများအရ CDM တွင်ပါဝင်လာသည့် ဝန်ထမ်းပေါင်း ၅၅၃၂ ရှိသည့်အနက် ပညာရေးဝန်ထမ်း ၃၆၉၆ ဦး ပါဝင်သည့်အတွက် ရာခိုင်နူန်းအားဖြင့် ၆၅ ရာခိုင်နူန်းပါဝင်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစကာ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် မြို့နယ်အသီးသီးမှ ပညာရေးဝန်ထမ်းများ အမြောက်အများ CDM တွင်ပါဝင်လာပြီး အချို့မြို့နယ်မှ ပညာရေးဝန်ထမ်းများသည် CDM ကူညီထောက်ပံ့မူများကိုပင် မရရှိသေးကြောင်း CDM ပြုလုပ်သူများအား ကူညီထောက်ပံ့ပေးသည့်သူများထံမှ သိရသည်။

သို့သော် အာဏာသိမ်းစစ်အုပ်စုက ပညာရေးဝန်ထမ်းများကို CDM မလုပ်စေရန် ခြိမ်းခြောက်မှုနှင့်အတူ ၊ ရာထူးအတိုးအပြောင်းများဖြင့် မက်လုံးပေးကာ စည်းလုံးမှုများ ရှိခဲ့သည်။

စစ်အုပ်စုမှပေးသော ပညာရေးမွမ်းမံသင်တန်းကို မတက်ကြရန်နှင့် ရာထူးအတိုးအပြောင်းများဖြင့် စည်းရုံးပြီး ရာထူးပြောင်းကြမည့် ပညာရေးဝန်ထမ်းများကိုလည်း ပြည်သူ့အစိုးရအနေဖြင့်အသိအမှတ်ပြုမည်မဟုတ်ကြောင်း CRPH က ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာနပေါင်း ၁၉ ခုရှိသည့်အနက် CDM တွင် ပါဝင်မှုမှာ ပညာရေးဝန်ကြီးဌာနမှ အများဆုံးဖြစ်ပြီး၊  ဒုတိယအများဆုံးပါဝင်သည့် ဌာနသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာနများဖြစ်သည်။

ထို့အတူ မိမိနဲ့သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် CDM တွင်ပါဝင်ခြင်းမရှိဘဲ သင်တန်းများတက်ရောက်နေသည့် ဆရာမ၊ဆရာများအား ပြည်သူများမှ ဆန့်ကျင်သည့် လူထုလူပ်ရှားမူများလည်း အစဉ်မပြတ်ဖော်ထုတ်လျှက်ရှိနေသည်။

လက်ရှိကောက်ခံရရှိထားသည့် စာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် စာရင်းများလည်း ထပ်မံပေးပို့နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...