CDM များကိုကူညီသော ပူတာအိုမှ သွားဆရာဝန်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

CDM များကိုကူညီသော ပူတာအိုမှ သွားဆရာဝန်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

ပူတာအိုမြို့ရှိ CDM တွင်ပါဝင်နေသော အစိုးရဝန်ထမ်းများကို အခမဲ့ဆေးကုသပေးနေသည့် သွားဆရာဝန် ဒေါက်တာဟိန်းသူရဇော်ကို  အာဏာသိမ်းစစ်တပ်က ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသော သွားဆရာဝန်မှာ ပူတာအို လုံစွတ်ရပ်ကွက်တွင် ဆေးခန်းဖွင့်ထားသူဖြစ်ပြီး CDM ပြုလုပ်သူများကို ထောက်ပံ့ပေးမူနှင့် ဖမ်းဆီးသွားကြောင်းသိရသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။

” သိရသလောက်က ဒီ CDM ပြုလုပ်တဲ့ သူတွေကို နောက်ကနေထောက်ပံ့ပေးတယ်။ ပြီးဆေးအခမဲ့ ကုသပေးတယ်လို့ကြားရတယ်။ သေချာလေးတော့ မသိဘူး။ အဲ့ကြောင့် ဖမ်းသွားတယ်လို့ဘဲ သိတယ်”ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသော သွားဆရာဝန် ဒေါက်တာ ဟိန်းသူရဇော်ကို အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အရေးယူထားကြောင်း ဆက်လက်သိရသည်။

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့ဒေသရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဦးဆောင်သူများကို စစ်တပ်က ရှာဖွေနေသဖြင့် တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...