တိုက်ပွဲဖြစ်ပွားခဲ့ရာ မာန်အောင်ကျေးရွာအနီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိဟုဆို

တိုက်ပွဲဖြစ်ပွားခဲ့ရာ မာန်အောင်ကျေးရွာအနီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိဟုဆို

ဝင်ရေးမြို့နယ် (မွန်ပြည်နယ်၊ ရေးမြို့နယ်)တွင် ဧပြီလ ၆ ရက်နေ့ ညပိုင်းက ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာ မာန်အောင်ကျေးရွာအနီးဝန်းကျင်သို့  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ဘက်က ဆိုသည်။

၆ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်မှုအပြီး နောက်နေ့ နံနက်မှ စ၍ စစ်ကောင်စီဘက်မှ ၎င်း ပစ်ခတ်မှု  ဖြစ်ပွားရာ အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ ၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း ကျေးရွာအတွင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း KNU တပ်မဟာ(၆)၊ ဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “၆ ရက်နေ့ တိုက်ပွဲဖြစ်ပြီးတော့နောက်နေ့ ၇ ရက်နေ့မှာပဲ လက်နက်ကြီးနဲ့ လိုက်ပစ်တော့တာပဲ။ ဒေသ ခံတွေ ထိခိုက်တာမျိုးတော့ မကြားရသေးဘူး။ ကျနော်တို့ စခန်းတစ်ခု ထိတယ်ဆိုတာကလည်း မဟုတ်ပါဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ဒေသအတွင်းထွက်ပေါ်လာသည့် သတင်းများအရ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှာ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာဘက်သို့ လက်နက်ကြီး ၇ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းသို့ ၂ ချက်ကျရောက်ကာ KNU တပ်စခန်းတစ်ခုသို့ကျရောက်ခဲ့ကြောင်း နှင့် ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၆မှ တပ်မှူးတစ်ဦးကမူ ယနေ့ တွင် စစ်ကောင် စီဘက်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၁၁ ချက်ပစ်ခတ်ခဲ့ကြောင်း နှင့် လူနေအိမ်တစ်လုံး ထိမှန်ခဲ့ သည်ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာနေရာမှ ဒေသခံကျေးရွာသားများသည် တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ ရက်နေ့ ညပိုင်းတွင် သာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့မှုရှိသော်လည်း လက်ရှိ ထိပ်တိုက်ပစ်ခတ်မှု မရှိချိန်တွင် ကျေးရွာ အတွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်ကြကြောင်းနှင့် နောက်ထပ်တိုက်ပွဲများ ဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ ရှိနေ ကြောင်းလည်း ဒေသခံကျေးရွာသားများနှင့် နီးစပ်သူများက ဆိုသည်။

ဧပြီ ၆ ရက်နေ့က ဖြစ်ပေါ်ခဲ့သော အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၂၈၃)နှင့် KNLAတပ်ဖွဲ့ဝင်အကြား ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ၅ ဦး ကျဆုံးခဲ့ပြီး ဒေသခံ ကျေးရွာ သားတစ်ဦး ထိမှန်သေဆုံးခဲ့ကာ နောက်ထပ် ဒေသခံတစ်ဦးမှာ ပေါင်နေရာကို ထိမှန်ခဲ့ကြောင်း KNU  ဒူးပလာယာ ခရိုင်တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

လတ်တလောတွင် KNU တပ်မဟာ (၆) နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ရေး လှုပ်ရှားမှုများ ပိုမိုဝင်ရောက်လှုပ်ရှားနေကြပြီး ကြီးမားသည့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားမည့်အပေါ် ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိသည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...