ကျောက်မဲ အရပ်သား (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းသွား

ကျောက်မဲ အရပ်သား (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းသွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့(ဧပြီ ၇)ရက် ည (၈နာရီ) ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ သေနတ်ပစ်ဖောက်ပြီး အရပ်သား (၂) ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ ည (၈) နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ အင်အား အများအပြားဖြင့် ထို ဖမ်းဆီးခံရသည့် အရပ်သား နေအိမ်တွင်း ဝင်ရောက်ပြီး အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ကျောက်မဲဒေသခံ တဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဖမ်းသွားတဲ့ အကြောင်းရင်းတော့ မသိရဘူး။ မနေ့ညက ဖမ်းသွားတယ်။သေနတ်ပစ် ခြိမ်းခြောက်ပြီး ဖမ်းသွားတယ်။ ခုလောလောဆယ်တော့ အချုပ်ထဲမှာပါ” ဟု ကျောက်မဲ ဒေသခံ တစ်ဦး ကပြောသည်။

အဆိုပါ ဖမ်းဆီးသွားသူ နှစ်ဦးသည် အမျိုးသား နှစ်ဦဖြစ်ပြီး လူငယ်ပိုင်း တစ်ဦး နှင့် လူလတ်ပိုင်း တစ်ဦး ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား (၂) ဦး ကိစ္စနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။

ဧပြီ (၄) ရက် ည ၈ နာရီကျော်အချိန်တွင် လှည့်ကင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ၏ သေနတ်ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦး ကျည်ထိမှန်ခဲ့ရကြောင်း သတင်းရရှိသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...