ကျိုင်းတုံ လူငယ် (၂) ဦး ကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဆီး

ကျိုင်းတုံ လူငယ် (၂) ဦး ကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ယမန်နေ့ (ဧပြီ ၆)ရက် ၌ အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ လူငယ်(၂)ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၆)ရက်တွင် ဖမ်းဆီးခံရသည့် လူငယ် (၂)ဦးမှာ ကိုဖြိုဝေစိုး နှင့် ကိုစောကျော်သူရတို့ဖြစ်ကြပြီး မည်သည့် ကိစ္စကြောင့် ဖမ်းဆီးသွားသည် ကို လက်ရှိ အချိန်ထိ မသိရှိသေးကြောင်း ကျိုင်းတုံမြို့ အမည်မဖော်လိုသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဖြိုးဝေစိုသည် ကျိုင်းတုံမြို့ ပါလျှံဘုန်းကြီးကျောင်းတန်းလျာရှိ ကုန်စုံဆိုင်တခုတွင် ဧပြီ (၆)ရက် နေ့လည် ၂နာရီခွဲတွင် အကြောင်းမဲ့ ဝင်ရေက်ဖမ်းဆီးသွားပြီး၊ ကိုစောကျော်သူ ကိုလည်း ထိုနေ့ ည (၉ )နာရီခန့်တွင် ခေတ္တလိုက်ခဲ့ရန်

ကျိုင်းတုံမြို့တွင် ယမန်နေ့ ဧပြီလ ၆ ရက်က လူငယ် ၂ ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင် ရဲနှင့်စစ်သားက အကြောင်းမဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ကိုဖြိုးဝေစိုးနှင့် ကိုစောကျော်သူရ တို့ဖြစ်ပြီး ဖမ်းဆီးသည့် အကြောင်းရင်းကို မသိရှိရသေးချေ။

ကိုဖြိုးဝေစိုးကို ကျိုင်းတုံမြို့ ပါလျှံဘုန်းကြီးကျောင်းတန်းလျားရှိ ၎င်းအလုပ်လုပ်နေသည့် ကုန်စုံဆိုင်တွင် ဧပြီလ ၆ ရက်နေ့ နေ့လယ် ၂နာရီခွဲဝန်းကျင်အချိန်က ခေတ္တလိုက်ရန် ဆိုပြီး ခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခြင်းမရှိသေးကြောင်း သိသည်။

ထိုနည်းတူ ကိုစောကျော်သူရကို ယင်းနေ့ ည ၉ နာရီခန့်က ၎င်း၏ နေအိမ်၌ လည်း ဧည့်စာရင်းစစ်မည်ဟု ပြောဆိုပြီး တံခါးဖွင့်ခိုင်းရာ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ကျိုင်းတုံဒေသခံများက ပြောသည်။

လက်ရှိဖမ်းခံရသည့် လူငယ် (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီ မှ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသေးပေ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...