KNU စခန်းတစ်ခု ဆုတ်ပေးရ

KNU စခန်းတစ်ခု ဆုတ်ပေးရ

ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၆ နယ်မြေအတွင်းက တိုက်ပွဲတွင် KNU ဘက် စခန်း တစ်ခု ဆုတ်ပေးလိုက်ရသည်ဟု KNU က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက ပြည်သူများကို အကာအ ကွယ် ယူခြင်း ပြည်သူများကို ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) ၏ ကျေးရွာလုံခြုံရေး တပ်စခန်း တစ်ခုကို စွန့်ခွာပေးခဲ့ရသည်ဟု ဒူးပလာယာခရိုင်၏ ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။

“အာဏာသိမ်းစစ်အုပ်စု၏ တပ်(ခလရ-၂၈၃) မှ ရွာသားများကို ပစ်ခတ်ခြင်း ရွာသားများကို အကာအကွယ် ယူလာခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကျေးရွာလုံခြုံရေး တပ် စခန်း တစ်ခုကို ဆုတ်ခွာပေးခဲ့ရသည်” ဟု ဒူးပလာယာခရိုင်က ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNU/KNLA တပ်မဟာ ၆ နှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ် တို့အကြား ဧပြီလ ၆ ရက်နေ့ (ယမန်နေ့) က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သား တစ် ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU/KNLA တပ်မဟာ ၆ ဒူးပလာယာခရိုင်က ပြောသည်။

ဒူးပလာယာခရိုင်၏ ဧပြီလ ၇ ရက်နေ့ (ယနေ့) ထုတ်ပြန်ချက်ထဲတွင် “ဝင်းရေးမြို့နယ် မာန်အောင်ရွာ အနီးတွင် မနေ့ညက နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သာတစ်ဦးသေဆုံးခဲ့ပြီး ရွာသာတစ်ဦး၏ ပေါင်ကို ကျည်ထိခဲ့ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖြစ်သည့် (ခလရ-၂၉၉) မှ ဧပြီလ ၇ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၉ နာရီခွဲခန့် တွင် ဒူးပလာယာခရိုင်၊ဝင်းရေးမြို့နယ်၊ မာန်အောင်ကျေးရွာ ချောင်းဖျားရှိ နေရာများကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသည်ဟု ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ယခုခါ မာန်အောင်ကျေးရွာမှာလည်း ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦး က “အခု တစ်ရွာလုံး ထွက်ပြေးကြတယ်၊ ကိုးမိုင်၊ ဟံဂံ နဲ့ တချို့က မြို့ပေါ်ရောက် ကိုယ်နဲ့ နီးစပ်ရာကို ထွက်ပြေး သွား ကြတာပေါ့၊ ပစ္စည်းတွေ ဘာတွေ သယ်နေကြတာ ရွာပျက်သွားသလိုပဲ” ဟု ဒေသခံရွာသားတစ်ဦးက ပြော သည်။

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းသို့ တပ်အာင်အား တိုးချဲ့ဖြည့်တင်းလာကာ စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟုသည်ဟု ဒူးပလာယာခရိုင်က ပြောသည်။

ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ “အာဏာသိမ်းစစ်အုပ်စု၏ တပ်များမှ ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်း ရေးမြို့နယ် ၊နို့တကောမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်တို့အတွင်း စစ်ရေးလှုပ်ရှားမှုများ သိသိသာ သာ တိုးမြင့်လာနေပြီ ဖြစ်သည်” ဟု သိရသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ရေးတင်မာမှုများ ယခင်က ထက် ပိုမိုဖြစ်ပွားလာပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

လက်ရှိတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ၊ ၃ ၊ ၁ ၊ ၆ နှင့် ၄ တို့တွင် စစ် ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် KNLA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ ရွှေကျင် (ဆောထိ) မြို့နယ်အတွင်းရှိ မယ်ဒမတ်ချောင်းဖျား၊ လေချိုတောင် အနီး တွင် မတ်လ ၃၀ရက်ကစစ်ကောင်စီတပ်ဖွဲ့မှ ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံး သူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၅ဦး ရှိသည်။

ထို့အပြင် မတ်လ ၂၇ ရက်နေ့ကလည်း KNU/KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)နယ်မြေ ဒေ ပူနိုရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒေသခံရွာသား ၇ ဦးရှိခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...