အခါမဲ့ မိုးကြောင့် ဆားလုပ်ငန်း ရပ်နားထားရ

အခါမဲ့ မိုးကြောင့် ဆားလုပ်ငန်း ရပ်နားထားရ

မတ်လဆန်းပိုင်းခန့်မှစပြီး ရွာသွန်းလာခဲ့သည့် မိုးကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်း များ ရပ်နားထားရသည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ်တောင်သူများက ပြောသည်။

ဖေဖော်ဝါရီလအတွင်းက နှစ်ကြိမ် အပြင် မတ်လဆန်းနှင့် ယခုဧပြီလဆန်းပိုင်းတို့တွင် ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်ဆီးသွားပြီး ဆား ဆက်လက်ထုတ်လုပ်ရန်လည်း ရာသီဥတု ပုံမှန်မဖြစ်သေးသည့်အတွက် ဆားလုပ်တောင်သူများ က ဆားထုတ်လုပ်မှုကို ရပ်နားထားရခြင်းဖြစ်သည်။

မတ်၊ ဧပြီလသည် ဆားကြမ်းထုတ်ရန် အကောင်းဆုံးလဖြစ်ပြီး ယခုကဲ့သို့ ရာသီဥတုက ဖျက်ဆီးလိုက်ခြင်း ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကာ ဆားကြမ်းအထွက်လည်းလျော့နည်းစေသည်ဟု သံဖြူဇရပ်မြို့နယ် ပင ဆားကွင်း မှ ဆားလုပ်ငန်းရှင် နိုင်ဟု က ပြောသည်။

“ဆားကွင်းတွေအကုန်လုံးက ပျက်သွားပြီး ဆက်လုပ်ဖို့က ရာသီဥတုအခြေအနေကို စောင့်ကြည့်‌နေတယ်၊ နေပူ လာတာကို စောင့်နေတယ်ပေါ့။ အခု ရာသီဥတုအခြေအနေနဲ့က ဘာမှ ဆက်မလုပ်ရဲသေးဘူး၊ ဆားထုတ်လုပ်မှု တွေ ရပ်ထားရတာပေါ့၊ မိုးဖျက်လိုက်လို့ ဆားကွင်းတွေ အကုန်ပျက်သွားတော့ ဆုံးရှုံးမှုတော့ရှိတာပေါ့။ ပြီး တော့ ဆက်လုပ်ဖို့က အချိန်ယူရအုံးမယ် ဆားက ပျက်ပြီး ချက်ချင်းလုပ် ဆားထုတ် အဲ့လိုမဟုတ်ဘူး။ အချိန်ယူ လုပ်ရတယ်” ဟု ဆားလုပ်ငန်းရှင် နိုင်ဟု က ပြောသည်။

ယခု နှစ် ဆားထုတ်လုပ်ရာသီတွင် ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိပဲ ဆားစျေးလည်း ထုတ်လုပ် မှုကုန်ကျစရိတ် အောက်အထိ ကျသွားသည့်အတွက် ဆားတောင်သူများ အခက်အခဲများအကြားက ဆားထုတ် လုပ်ခြင်း လုပ်ငန်းကို လုပ်လာခဲ့ရသည်ဟု ဆားလုပ်ငန်းရှင်များ က ပြောသည်။

ထိုကဲ့သို့သော အခက်အခဲများကြားက အရှုံးခံပြီး လုပ်ကိုင်နေကြရသည့်အနေအထား၌ ယခုအခါ ရာသီဥတုကပါ ဖျက်ဆီးသည့်အတွက် ဆားလုပ်ငန်းရှင်များ နာလန်မထူနိုင်အောင် ဖြစ်သွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင် များ က ပြောသည်။

လက်ရှိတွင် ဆားကြမ်းစျေးသည် တစ်ပိဿာ ၆၀ နှင့် ၅၀ ကျပ်အကြား ပေါက်စျေးရှိနေပြီး ယမန်နှစ်က ယခုကဲ့ သို့ ဆားလုပ်ရာသီတွင် ဆားကြမ်းတစ်ပိဿာပေါက်စျေးမှာ  ၂၀၀ ကျပ်ကျော်ရှိခဲ့သည်ဟု ဆားတောင်သူများ က ပြောသည်။

“ဆားပေါက်စျေးက ထုတ်လုပ်မှုစရိတ်အောက်ကို ကျသွားတယ်၊ အခုက ရတဲ့စျေး ပေးတဲ့စျေးနဲ့ပဲ ထုတ် ရောင်းနေရတယ်” ဟု ဆားလုပ်ငန်းရှင် ဦးဝင်းထိန်က ပြောသည်။

ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆားကြမ်းတစ်ပိဿာထွက်ရှိရန် ကုန်ကျစရိတ်သည် ကျပ် ၆၀ အထက် ရှိပြီး ဆားကြမ်းတစ်ပိဿာ ၉၀/၁၀၀ ကျပ်စျေး ရရှိမှသာ အဆင်ပြေကြမည်ဟု ဆားလုပ်ငန်းရှင်များက ပြော သည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး  နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဖေဖော်ဝါရီလမှ စတင်ကာ ဆားကြမ်း စတင်ထုတ်လုပ်ကြသည်ဟု ပငဆားတောင်သူမျး ၏  ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးစျေး ကွက်၊ ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းစျေးကွက်များသို့ အဓိက တင်ပို့ရောင်းချ နေသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှသိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာ နှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့တွင် နေလှမ်းဆား တန်ချိန်သောင်းနှင့်ချီ ထုတ်လုပ်ရာဒေသဖြစ်သည်။

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...