ဝင်းရော်ဒေသအတွင်း စစ်ကောင်စီတပ်များ ပိုမိုလှုပ်ရှားမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေရ

ဝင်းရော်ဒေသအတွင်း စစ်ကောင်စီတပ်များ ပိုမိုလှုပ်ရှားမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေရ

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)၊ ဝင်းရော်ဒေသအတွင်း စစ်ကောင်စီ လက်အောက်ခံတပ်များက ယမန်နေ့( ဧပြီ ၅ရက်)မှစကာ စစ်ရေးလှုပ်ရှားပိုမိုလုပ်ဆောင်လာသောကြောင့် ပစ်ခတ်မှုများ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ဝင်းရေးဒေသခံတစ်ဦးက “ညက စစ်သားတွေအများကြီးတက်လာတယ်။ စစ်ပွဲတွေ ဖြစ်လာမှာစိုးတယ်။ လူထုတွေ စိုးရိမ်ပြီးတော့ ထိတ်လန့်မှုရှိနေတယ်ပေါ့နော်။ တောမှာက တစ်ဖွဲ့၊ ရွာမှာက တစ်ဖွဲ့ အင်အားတော်တော်များတယ်။ အခုကတော့ လူထုတွေက အရမ်းစိုးရိမ်တဲ့အနေအထားမှာရှိပါတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ယနေ့ဧပြီ ၆ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ဝင်းရေးမြို့နယ် KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း ၁၆ နယ်မြေအတွင်း ယမန်နေ့(ဧပြီ ၅) ည( ရး၃၀)အချိန်တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ လေးဖထောကျေးရွာ ဘုရားတောင်ယာယီ တပ်စခန်း(ခလရ-၂၈၄)တပ်ရင်းမှ ဗိုလ်မှူး ရန်နိုင်ဦး ဦးဆောင်ပြီး ဘုရားသုံးဆူမြို့နယ် နဂါးတောင်ရှိ လက်နက်ကြီး သွားရောက်ယူခဲ့သည်။

ထို့အပြင် ည(၁၀း၁၀)အချိန်တွင် (ခလရ-၂၈၃)တပ်ရင်းမှ ဗိုလ်မှူး မျိုးထိုက်နောင်နှင့် BGF ဗိုလ်မှူး မန်းဝင်းယုံ ဦးဆောင်ပြီး အင်အား ခန့်မှန်း(၄၅)ဦးသည် ပြည်သူ့ မှန်လုံကား(၃)စီးဖြင့် တံခွန်တိုင် ကျေးရွာ ရဲစခန်းတွင် အင်အားဖြည့်စွက်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုသည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...