UNFC တပ်ပေါင်းစုမှ KIO က နုုတ်ထွက်စာ တင်သည်ဟုု အတည်မပြုနိုင်သေး

UNFC တပ်ပေါင်းစုမှ KIO က နုုတ်ထွက်စာ တင်သည်ဟုု အတည်မပြုနိုင်သေး
by -
မဇ္ဈိမ
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နုုတ်ထွက်ရန် စာတင်လုုိက်သည်ဟုု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

UNFC မှ KIO နုုတ်ထွက်စာတောင်းခံထားကြောင်း လူမှုကွန်ယက်များတွင် ထွက်ပေါ်နေသည့် သတင်းများသာ သိရသော်လည်း KIO အတွင်းတွင် တရားဝင်သတင်းထုုတ်ပြန်ခြင်း မရှိသေးသဖြင့် အတည်ပြုနုုိင်ခြင်း မရှိကြောင်း KIO ၏ ပြန်ကြားရေးဌာနမှ ဗုုိလ်မှူးကြီး နော်ဘူက ပြောသည်။

“ကေအုုိင်အုုိက ထွက်မယ်၊ မထွက်ဘူးဆုုိတာ မသိဘူး။ မသိဘူးဆုုိတာကတော့ နုုိင်ငံရေးဆွေးနွေးတဲ ့ အခန်းကဏ္ဍမှာ ကျွန်တော်တိုု့ ဒီဘက်မှ နည်းနည်းဝေးနေတယ်။ ဆွေးနွေးပွဲက ချင်းမုုိင်တုုိ့၊ ပန်ခမ်းတိုု့မှာပဲ အထက်ကလူကြီးတွေ လုုပ်တာ။ တပ်တွင်း ဘာမှအခုုထက်ထိ အသိပေးတာ မရှိသေးလုုိ့ ကျွန်တော််တိုု့က ပြောလုုိ့ မရသေးဘူး။ အဲဒါကြောင့် အဲဒါနဲ့ ပတ်သက်လုုိ့ ဘာမှ အတည်ပေးလုုိ့ မရဖြစ်နေတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

ဧပြီလ ၂၉ ရက် နေ့စွဲဖြင့် KIO အထွေထွေအတွင်းရေးမှူး ဦးလနန် လက်မှတ်ရေးထုုိးထားသော နုုတ်ထွက်စာကုုိ UNFC က မေလ ၂ ရက်နေ့က လက်ခံ ရရှိခဲ့သည်ဟုု သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

KIO သည် အစုုိးရဖော်ဆောင်နေသော တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမဟုုတ်ဘဲ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပုုိင်းမဟာမိတ်တပ်ဖွဲ့တုုိ့နှင့် နုုိင်ငံရေးဆွေးနွေးရေး လမ်းကြောင်းဖြင့် ဆက်သွားရန် ဧပြီလ ၁၉ ရက်နေ့က ဖွဲ့စည်းလုုိက်သည့် ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီတွင် ပါဝင်ခဲ့သည်။

အဆုုိပါ ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဖြစ်သော ရှမ်းပြည်တုုိးတက်ရေးပါတီ (SSPP) ကလည်း UNFC မှ နုုတ်ထွက်၊ မနုုတ်ထွက်ရေး လာမည့် ဇူလုုိင်လတွင် အဖွဲ့အတွင်း အစည်းအဝေး ကျင်းပ၍ ဆုံုးဖြတ်မည် ဖြစ်ကြောင်း ကြားသိရသည်။

အစုုိးရထံ နုုိင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆုုိင်ရာ ကုုိုုယ်စားလှယ်အဖွဲ့ (DPN) မှ တင်ပြထားသော အချက် ၉ ချက်ကုုိ အစိုုးရနှင့် ဆွေးနွေးညှိနှိုင်းမှု ရရှိပါက UNFC အဖွဲ့ဝင် တချို့ NCA လက်မှတ်ရေးထုုိးမည်ဟုု သတင်းများ ထွက်ပေါ်နေချိန် KIO က နုုတ်ထွက်စာ တင်ကြောင်း သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

နုုတ်ထွက်စာတင်ခြင်းနှင့် ပတ်သက်၍ UNFC အဖွဲ့ဝင်တချို့ကလည်း KIO နုုတ်ထွက်စာတင်ကြောင်း ကြားသိရသော်လည်း စာကုုိယ်တုုိင် မတွေ့ရသေးသဖြင့် အတည်မပြုနုုိင်သေးကြောင်း အမည် မဖော်လုုိသူ UNFC အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကောလဟလတွေတော့ ကြားတယ်။ ဒါပေမဲ့ စာကတော့ ကျွန်တော်တိုု့ မတွေ့ရသေးဘူး။ သူတုုိ့ပြောတာကတော့ ကေအုုိင်အုုိက ယူအန်အက်ဖ်စီကနေ နုုတ်ထွက်စာ တင်လုုိက်ပြီလုုိ့ ပြောတယ်၊ အခုုက မွန်နဲ့ ကရင်နီကလည်း ညီလာခံ ရှိတယ်။ အဲဒါတွေနဲ့ အစည်းအဝေး မထုုိင်ဖြစ်သေးတာ ဖြစ်မယ်၊ ဒီလောက်အရေးကြီးရင်တော ့အရေးပေါ်အစည်းအဝေး ရှိမှာပဲ”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

ထိုု့ပြင် UNFC ၏ ဒုုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသော မွန်ပြည်သစ်ပါတီ (MNSP)နှင့် ကရင်နီ အမျိုးသား တုုိးတက်ရေးပါတီ(KNPP) တုုိ့လည်း ဌာနအတွင်း ညီလာခံ ကျင်းပသဖြင့် ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက အစုုိးရနှင့် ကေအုုိင်အုုိတုုိ့ ရန်ကုုန်မြို့တွင် တွေ့ဆုံုရန် ညှိနှိုင်းမှုများ ရှိသော်လည်း ယခုုနောက်ပုုိင်း ဆွေးနွေးညှိနှိုင်းမှုများ မရှိသေးကြောင်း ဒုုဗုုိလ်မှူးကြီး နော်ဘူက ပြောသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...