မြဝတီမြို့မှ ဖမ်းဆီးခံရသူ ၁၀၀ ဝန်းကျင်အနက် အသက် ၁၈ နှစ်အောက်သာ အာမခံပေး ထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံအချုပ်ထောင်တွင် ထိန်းသိမ်းထား

မြဝတီမြို့မှ ဖမ်းဆီးခံရသူ ၁၀၀ ဝန်းကျင်အနက် အသက် ၁၈ နှစ်အောက်သာ အာမခံပေး ထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံအချုပ်ထောင်တွင် ထိန်းသိမ်းထား

ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးခံရသူ လူ ၁၀၀ ဝန်းကျင်ခန့်အနက်မှ အသက် ၁၈ နှစ်မပြည့်သူများကိုသာ အာမခံဖြင့်လွှတ်ပေးထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံမြို့ရှိ အချုပ်ထောင်တို့တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ မတ်လ ၂၇ ရက်နေ့ထိ မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူ စုစုပေါင်း လူ ၁၀၀ ဝန်းကျင်ခန့်ရှိခဲ့ခြင်းဖြစ်သည်။

“ အသက် ၁၈ နှစ် မပြည့်သေးသူ ကလေးသူငယ် ၁၅ ယောက်ခန့်ကိုတော့ ကိုယ်ပိုင်ခံဝန်ဖြင့် လွှတ်ပေးထားပါတယ်။ ကျန်ရှိနေတဲ့ အယောက် (၈၀) ဝန်းကျင်ခန့်ကိုတော့ များသောအားဖြင့် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရပြီး  မြဝတီရဲစခန်းအချုပ်နှင့် ဖားအံမြို့ တောင်က လေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားပါတယ်။ အဲ့ဒီကနေတဆင့် မြဝတီတရားရုံးသို့ ရုံးချိန်းတက်နေရတာပါ။ ”ဟု ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအား အခမဲ့ ဥပဒေ အကူအညီပေးလျက်ရှိသည့် မြဝတီမြို့ ပြည်သူ့ရှေ့နေများ အဖွဲ့မှ ရှေ့နေတစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်းတို့ အာမခံရရှိရေးအတွက် လျှောက်လွှာတင်ထားပြီး တရားသူကြီး၏ အဆုံး အဖြတ်ကို စောင့်နေဆဲဖြစ်ကြောင်း အခမဲ့ ဥပဒေအကူအညီပေးလျက်ရှိသည့် မြဝတီမြို့ ပြည်သူ့ရှေ့နေများ အဖွဲ့ထံမှသိရသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...