စစ်ကောင်စီအတွက် အုပ်ချုပ်ရေးမှူးအသစ် ထပ်မံရွေးချယ်ခန့်အပ်ရန် BGF တောင်းဆို

စစ်ကောင်စီအတွက် အုပ်ချုပ်ရေးမှူးအသစ် ထပ်မံရွေးချယ်ခန့်အပ်ရန် BGF တောင်းဆို

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ တဝန်ဖန်ယား စံပြကျေးရွာတွင် စစ်ကောင်စီမှ ခန့်အပ်မည့် အုပ်ချုပ်ရေးမှူးကို ဒေသခံများမလိုလား၍ ကန့်ကွက်ခဲ့သဖြင့် တာဝန်မှနုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနေရာတွင် နောက်ထပ် အုပ်ချုပ်ရေးမှူးသစ်ခန့်အပ်ရန် နယ်ခြားစောင့်တပ်-BGFမှ ယမန်နေ့ (ဧပြီလ ၄ရက်) က လာရောက်တောင်းဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခင် စစ်ကောင်စီမှ ရွေးချယ်ခန့်အပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးအသစ်အား အလိုမရှိကြောင်း ကျေးရွာနေ ပြည်သူ လူထုများက ဆန္ဒပြကန့်ကွက်ပြီးနောက် ၎င်းအုပ်ချုပ်ရေးမှူးသည် တာဝန်မှ နုတ်ထွက် လိုက်ပြီးဖြစ်သောကြောင့် BGFမှ ယခုလို လာရောက်တောင်းဆိုသွားခြင်းဖြစ်သည်ဟု အမည်မ ဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြော သည်။

 “မနေ့က BGF ကား ၃ စီးလာပြီး ဘုန်းကြီးကျောင်းမှာ ရပ်မိရပ်ဖအချို့ကိုခေါ်ပြီး စစ်ကောင်စီအတွက် အုပ် ချုပ်ရေးမှူးအသစ် ပြန်ခန့်အပ်ဖို့ လာပြောတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

သို့သော် ဒေသခံများဘက်က စစ်ကောင်စီမှ ရွေးချယ် ခန့်အပ်လာမည့် အဆိုပါ အုပ်ချုပ်ရေးမှူးအသစ်ကိစ္စကို လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း ဆိုသည်။

ယခင် စစ်ကောင်စီက ရွေးချယ်ခန့်အပ်ခဲ့သည့် အုပ်ချုပ်ရေးမှူး အသစ်ကို ဒေသခံပြည်သူများမှ မလိုလားသောကြောင့် ကန့်ကွက်ဆန္ဒပြခဲ့ရာ ၎င်းအုပ်ချုပ်ရေးမှူး ကိုယ်တိုင်မှ လက်မှတ်ရေးထိုး နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လို့သူ အခြားဒေသခံ တစ်ဦးကလည်း “ကျနော်တို့က အုပ်ချုပ်ရေးမှူးအသစ် ဘယ်သူ တက်မလဲဆိုတာ ကြိုသိနေတဲ့အတွက် သူ့ကို ကြိုတင်ဖိအားပေး တယ်။ သူက ကြောက်ပြီးတော့ လက်မှတ်ထိုးပြီး ငြင်းလိုက်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ဒေသခံ ပြည်သူ လူထုများမှ အုပ်ချုပ်ရေးမှူးရုံးကို သစ်သားဖြင့် ကန့်လန့် ရိုက်ထားကာ ချိတ်ပိတ်ခဲ့ပြီး ၎င်းကို ရဲတပ်ဖွဲ့ဝင်များနှင့် BGF တပ်ဖွဲ့ဝင်တချို့ရောက်ရှိလာပြီး ချိတ်ပိတ်ထားသောရုံးကို ပြန်လည်ဖြုတ်ရိုက်ဖွင့်ခဲ့ကြောင်းနှင့် ကန့်ကွက်ဆန္ဒပြခဲ့သူထဲမှ တစ်ဦးကို ရဲတပ်ဖွဲ့နှင့် BGF ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး ထိုနေ့ ညတွင်း၌ ပြန်လည်လွှတ်မြောက်ခဲ့ကြောင်းသိရသည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...