မွန်ပြည်နယ် နွေဦးတော်လှန်ရေးတွင် ကျဆုံးမှု (၇) ဦးအထိရှိလာ

မွန်ပြည်နယ် နွေဦးတော်လှန်ရေးတွင် ကျဆုံးမှု (၇) ဦးအထိရှိလာ

နှစ်လကျော်ကြာ နွေဦးတော်လှန်ရေးလှုပ်ရှားမှု ဆန္ဒပြပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် မွန်ပြည်နယ်အတွင်း ကျဆုံးမှု (၇) ဦးအထိရှိလာကြောင်း သတင်းရရှိသည်။

မတ်လ ၃၁ ရက်နေ့အထိ DVB သတင်းအရ ရန်ကုန်တိုင်း ၁၉၄ ဦး၊ မန္တလေးတိုင်း ၁၆၅ ဦး၊ စစ်ကိုင်းတိုင်း ၄၁ ဦး၊ တနင်္သာရီတိုင်း ၂၈ ဦး၊ ပဲခူးတိုင်း ၂၄ ဦး၊ ရှမ်းပြည်နယ် ၂၄ ဦး၊ မကွေးတိုင်း ၂၃ ဦး၊ ဧရာဝတီတိုင်း ၁၀ ဦး၊ ကချင်ပြည်နယ် ၁၀ ဦး၊ နေပြည်တော် ၃ ဦးနှင့် ကယားပြည်နယ် ၁ ဦး ကျဆုံးမှုအသီးသီးရှိခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း အကျအဆုံးဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

အလားတူ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဧပြီလ ၄ ရက်နေ့ညနေပိုင်းအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ကျဆုံးခဲ့ရသူ စုစုပေါင်း (၅၆၄) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သတင်းထုတ်ပြန်ထားသည်။  

မီဒီယာအသီးသီးတို့၏ သတင်းဖော်ပြချက်အရ ဆန္ဒပြသူများကို အသံမိုင်း၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်အပြင် ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့်ကျဆုံးမှုအရေအတွက်တစ်နေ့ထက်တစ်နေ့ တိုးများလာသည့်အပြင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်မှုများ မတွေ့ရှိရပေ။

ယခုအခါ ဆန္ဒပြလူငယ်များက လူအင်အားအနည်းငယ်ဖြင့်သာ ပြောက်ကျားသပိတ်အဖြစ် အာရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ထိုင်သပိတ်၊ စတေကာသပိတ်၊ ဆိုင်ကယ်သပိတ်နှင့် ညသပိတ် စသည်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိသည်။

ထို့ပြင် ခရစ်ယာန်ဘာသာအလိုအရ ယေရှုခရစ်တော် ပြန်လည်ရှင်သန်ထမြောက်လာသကဲ့သို့ မြန်မာ့ဒီမိုကရေစီသည်လည်း ဥခွံထဲမှ ရှင်သန်ရုန်းထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ယမန့်တွင်ကျရောက်သည့် ခရစ်ယာန်ဘာသာဝင်အီစတာ ပွဲတော်နေ့ အထိမ်းအမှတ် Easter Egg Campaign ကြက်ဥလှုပ်ရှားမှု ဆန္ဒပြပွဲများကိုလည်း မော်လမြိုင်မြို့အပါအဝင် နေရာဒေသ တော်တော်များများတွင် ပြုလုပ်ခဲ့ကြောင်း ဆိုရှယ်မီဒီယာများပေါ်မှ တွေ့ရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...