နမ္မတူမြို့နယ် စစ်ရှောင် (၁၀၀၀)ကျော် အရေးပေါ် စားနိပ်ရိက္ခာလိုအပ်နေ

နမ္မတူမြို့နယ် စစ်ရှောင် (၁၀၀၀)ကျော် အရေးပေါ် စားနိပ်ရိက္ခာလိုအပ်နေ

သျှမ်းမြောက် နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှောင်(၁၀၀၀) ကျော် ရှိပြီး၊ စားနပ်ရိက္ခာ အခက်ခဲ ဖြစ်နေကြောင်း စစ်ရှောင်ကူညီပေးသူများထံမှ စုံစမ်းသိရှိရသည်။

“ နမ္မတူမြို့နယ် အတွင်းမှာ ဒီ ၄ ရက် ၅ ရက်အတွင်း ပြေးလာကြတဲ့ စစ်ရှောင်တွေက ခု လောလောဆယ် စားနပ်ရိကာတွေ အရမ်းလိုအပ်နေတယ်။ ရွာမှာရှိတဲ့ စခန်းတွေက စားဖို့ သောက်ဖို့ ပိုလိုအပ်တယ်။ မြို့ထဲက စခန်းက အစားအသောက် တွေ ရှိနေသေးတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် လုံးစိုင်းဘဉာဏ် ကပြောသည်။

ဖေဖော်ဝါရီ ပထမပတ်မှ စတင်ကာ လက်ရှိအချိန် နမတူမြို့နယ်အတွင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ နှင့် RCSS/SSA တို့သည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင် ကော်မတီအဖွဲ့ဝင် တဦး ကပြောသည်။

“စားဖို့ ဆန်၊ ဆီ ၊ ဆားတွေ ကစ အရမ်းလိုအပ်နေတယ်။ ဒီကာလက ကူညီဖို့ တော်တော်ခက်တယ်။ ဖုန်းတခုပဲ ဆက်သွယ်ရတော့ အခက်ကြုံတယ်။ အလှူရှင်တွေကလည်း မရှိဘူး။ ကျေးရွာ ပြည်သူတွေ တပိုင်တနိုင်ပဲ ကူညီနေရတယ်” ဟု စစ်ရှောင် ကူညီသူ တစ်ဦးက ပြောသည်။

စစ်ရှောင်အများစုသည် အမျိုးသမီး၊ သက်ကြီးရွယ်အို နှင့် ကလေးငယ်များ ဖြစ်နေကြောင်းလည်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မတ် (၂၈) တွင် နမတူမြို့နယ် ပန်လုံကျေးရွာအနီးရှိ လက်နက်ကြီး ကျသဖြင့် နေအိမ် (၅) လုံး မီးလောင် ပျက်စီးခဲ့သည်။

ထို့ပြင် ယခုနှစ်အတွင်း တိုင်းရင်းသား အချင်းချင်းကြောင့် အရပ်သား ကျည်ထိမှန်သေဆုံးမှု ၅ ဦးထက် မနည်း ရှိခဲ့ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...