ရှမ်းလူထုု၏ ဘုံသဘောတူညီချက်ရရှိရေးနှင့် အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် CSSU အစည်းအဝေးမှ ဆုံုးဖြတ်

ရှမ်းလူထုု၏ ဘုံသဘောတူညီချက်ရရှိရေးနှင့် အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် CSSU အစည်းအဝေးမှ ဆုံုးဖြတ်
by -
မဇ္ဈိမ
ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU)က လာမည့် ၂၁ ရာစုု ပင်လုံု ညီလာခံတွင် ဆွေးနွေးမည့် ရှမ်းလူထုုတစ်ရပ်လုံုး၏ ဘုံုသဘောတူညီချက် ရရှိရေး လူထုုဆန္ဒသဘောထားများ ဆက်လက် ကောက်ယူရန်နှင့် လူမျိုးအလုုိက် အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးပွဲ ကျင်းပနုုိင်ရေး အပါအဝင် အချက် ၆ ချက်ကုုိ သဘောတူ ဆုံုးဖြတ်ခဲ့ကြသည်။

မေလ ၄ ရက်နှင့် ၅ ရက် နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေးတွင် ၄နှစ်အတွင်း ဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များကုုိ ဆွေးနွေးခဲ့ပြီး လက်ရှိ တာဝန်ယူနေသူ ရှမ်းတုုိင်းရင်းသားများ ဒီမုုိကရက်တစ်ပါတီ(SNLD) ဦးခွန်ထွန်းဦးမှ လာမည့် တစ်နှစ်သာ သက်တမ်းအတွက် CSSU ဥက္ကဌ ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၏ ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး ယွက်ဆစ်ကုုိ တာဝန်လွဲပြောင်းပေးလုုိက်ခြင်း ဖြစ်သည်။

“CSSU အနေနဲ့ ရှမ်းပြည်သူညီညွတ်ရေးတခုုတည်းမဟုုတ်ဘဲ။ ရှမး်ပြည်အတွင်းမှာ ရှိတဲ့ တုုိင်းရင်းသား အကုုန်လုံုးနဲ့ ညီညွတ်နုုိင်ဖိုု့၊ ပြီးတော့ ဘုံုသဘောတူညီချက် ရှမ်းပြည်ရဲ့ တုုိးတက်ရာ တုုိးတက်ကြောင်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုု တည်ဆောက်ရေးမှာ ဘယ်လုုိ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမလည်းဆုုိတာကိုုလည်း နည်းလမ်းရှာသွားဖိုု့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟုု CSSU မှ ပြောရေးဆုုိခွင့်ရှိသူ စုုိင်းလိတ်က သတင်းထောက်များကုုိ ပြောသည်။

သူက ဆက်လက်၍ “ကျွန်တော်တိုု့ CSSU အနေနဲ့ လာမည့် ၂၁ ရာစုုပင်လုံုညီလာခံမှာ အပြီးသတ်ဆွေးနွေးနုုိင်အောင် ကျနော်တိုု့ရဲ့ ဘုံုသဘောတူ ညီချက်ရအောင် လူထုုနဲ့ ထပ်မံ ဆွေးနွေးသွားဖုုိ့ ရှိပါတယ်။ ပထမတကြိမ်တော့ ကွင်းဆင်းပြီးပြီ၊ အသံများ စုုဆောင်းပြီးပါပြီ။ ဒါပေမဲ ့စိတ်တုုိင်းကျမဖြစ်သေးလုုိ့ နောက်တကြိမ် ဗုုိလ်ချုပ်ကြီး ယွက်ဆစ် တာဝန်ယူထားတဲ့အချိန်မှာ လူထုုနဲ့တွေ့ဆုံုဖုုိ့ ရှိပါတယ်”ဟုု ပြောဆုုိသည်။

လာမည့် မေလ ၂၄ ရက်နေ့ ကျင်းပမည့် ဒုုတိယအကြိမ်မြောက် ၂၁ ရာစုုပင်လုံု ညီလာခံ မတုုိင်မီ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လူမျိုးအလုုိက် အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးပွဲ ကျင်းပနုုိင်ရေးအတွက် အစိုုးရ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် RCSS တုုိ့အကြား ဆက်လက် ညှိနှိုင်းဆွေးနွေးနေသည်ဟုု စုုိင်းလိတ်က ပြောသည်။

တုုိင်းရင်းသားတန်းတူရေးနှင့် စစ်မှတ်သော ဖက်ဒရယ် ပြည်ထောင်စုု ဒီမုုိကရေစီ နုုိင်ငံတည်ဆော်ကရာတွင် ရှမ်းတစ်မျိုးသားလုံုး၏ ဆန္ဒအတိုုင်း ပြည်သူလူထုု တရပ်လုံုးနှင့်အတူ လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းမား၊ နုုိင်ငံရေးပါတီများ တစ်စုုတစည်းတည်း ညီညွတ်စွာ စုုပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုု အစည်းအဝေးအပြီး ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအပြင် ကချင်၊ ကယား၊ စစ်ကုုိင်တုုိင်း၊ မန္တလေး စသည် တုုိင်းနှင့် မြို့နယ် ၄၅ မြို့နယ်အတွင်းရှိ ပြည်သူလူထုုနှင့် တွေ့ဆုံု၍ ဆန္ဒသဘောထားများ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထုုိ့ပြင် တုုိင်းရင်းသားအချင်းချင်းအကြား အပြန်အလှန် လေးစားယုံုကြည်မှု တည်ဆောက်ရေးနှင့် အမျိုးသား ရင်ကြားစေရေး လုုပ်ငန်းစဉ်များတွင် နုုိင်ငံတော် အစုုိးရနေဖြင့် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပြည်ထောင်စုု ငြိမ်းချမ်းရေးကုုိ ဖော်ဆောင်နုုိင်မည်ဟုု CSSU က ယုံုကြည်ကြောင်း ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူမျိုးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ပြည်ထောင်စုုကြီးအတွက်ကုုိ ဆွေးနွေးကြတော့ မယ်ဆုုုုိရင် အမျိုးသားရင်ကြားစေရေးကုုိ လုုပ်တဲ့နေရာမှာ ကြီးသည်ငယ်သည် မခွဲခြားဘဲ တန်းတူဆက်ဆံဖုုိ့ လုုိအပ်တယ်။ လက်ရှိ အစိုုးရအနေနဲ့ တပ်မတော်နဲ့ အစုုိးရ ရင်ကြားစေရေးကုုိသာ ကြိုးပမ်းနေတယ်။ တုုိင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေရေးလုုပ်ဖိုု့ လက်နည်းနေတဲ့ ပုံုစံမျိုး လက်နည်းနေတဲ့ ပုံုစံမျိုး သိပ်ပြီး အရေးမယူတာ တွေ့ရလုုိ့ အခုုလိုု ကြေငြာချက်မှာ ပထမဆုံုး ဖော်ပြလုုိက်တာ ဖြစ်ပါတယ်”ဟုု စုုိင်းလိတ်က ပြောသည်။

ရှမး်ပြည်နယ်နှင့် ပြည်ထောင်စုုတဝှမ်း မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးလုုပ်ငန်းများကုုိ ပြည်သူလူထုုတစ်ရပ်လုံုး၊ အစုုိးရနှင့် သက်ဆုုိင်ရာ အဖွဲ့အစည်းအားလုံုးနှင့် UNODCတုုိ့နှင့် ပူးပေါင်း၍ လူထုုအကြား အသိပညာပေးခြင်းများ၊ စည်းရုံုး ဟောပြောမှုများ ဆက်လက် ဆောင်ရွက်သွားရန် ဆုံုးဖြတ်ခဲ့သည်ဟုု သူက ပြောကြားခဲ့သည်။

ထုုိ့ပြင် ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုု တဝှမ်းလုံုး ဖြစ်ပွားနေသော တုုိက်ပွဲများ ရပ်တန့်ရန်အတွက် အစိုုးရမှ သဘောထားကြီးစွာဖြင့် တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှုရပ်စဲကြောင်း ကြေငြာရန် လုုိအပ်ပြီး ထုုိမှသာလျှင် နုုိင်ငံရေး ဆွေးနွေးပွဲ လုုပ်ဆောင်နုုိင်မည်ဟုု ယုံုကြည်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။

ရှမ်းပြည်နယ်တွင် အမျီုးသမီးအရေးနှင့် လူငယ်ရေးအတွက် လုုပ်ဆောင်မှုများ အားနည်းနေသဖြင့် လူထုုအခြေပြု အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများမှ လူငယ်အဖွဲ့(Youth Center)ဖွင့်လှစ်ပေးရန်နှင့် အမျိုးသမီး စွမ်းအင်မြှင့်တင်ရေးလုုပ်ဆောင်ပေးရန်လည်း နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေးတွင် တောင်းဆုုိခဲ့သည်ဟုု ရှမ်းလူထုုအခြေပြုအဖွဲ့အစည်းအနေဖြင့် တက်ရောက်ခဲ့သူ ယိန်းဟန်ဖက ပြောသည်။

“ကျွန်မတိုု့ CSSU က ရှမ်းပြည် ညီညွတ်ရေးအတွက် ကျမတုုိ့ ဦးစားပေးခဲ့တယ်။ နောက်ပြီးတော့ ရှမ်းပြည် ညီညွတ်ရေးအပြင် နုုိင်ငံရေး၊ လူမှုရေး၊ လူငယ်၊ အမျိုးသမီးအရေးနဲ့ မူးယစ်ဆေးဝါးအရေါ် အဲဒါတွေ အားလုံုးက ဝုုိင်းဝန်းအတူတူလုုပ်ဖုုိ့ ကျမတိုု့မှာ ဆန္ဒရှိကြတယ်။ နောက်တခုုကြတော့လည်း ရှမ်းပြည်နယ်မှာ နုုိင်ငံရေးနဲ့ စစ်ရေးက ပိုုများတယ်။ CSO CBO ကတော့ ၄၊ ၅ ဖွဲ့တော့ ရှိတယ်။ ဒါပေမယ့် ကျွန်မတိုု့လူမှုရေးအဖွဲ့တွေ လုုပ်နေတဲ့အလုုပ်က ရှမ်းပြည်ညီညွတ်ရေးကုုိ ပံ့ပုုိးဖုုိ့ ဖြစ်တယ်။ အမျိုးသမီးရေးနဲ့လူငယ်ရေးက အားနည်းနေတယ်၊ ဒါကြောင့် အမျိုးသမီးနဲ့လူငယ်တွေ အင်အား အဓိကလုုိအပ်တယ်။ ကျွန်မတိုု့ ပူးပေါင်းပါဝင်ဖုုိ့ ဆွေးနွေးထားကြတယ်”ဟုု သူက ပြောသည်။

ထုုိအစည်းအဝေးတွင် RCSS မှ ဥက္ကဌ ဒုုဗုုိလ်ချုပ် ယွက်ဆစ်၊ SSPP မှ နာယက ဗုုိလ်ချုပ်စေထင်၊ SNDPမှ စုုိင်းအုုိက်ပေါင်း၊ SNLD မှ ဦးခွန်ထွန်းဦး၊ SSJAC မှ ကုုိယ်စားလှယ်များ၊ ရှမ်းလူထုုအခြေပြုအဖွဲ့အစည်းမှ ကုုိယ်စားလှယ်များ၊ ရှမ်းလူငယ် အဖွဲ့များ၊ မျိုးဆက်သစ် (ရှမ်းပြည်)၊ ရှမ်းမျိုးနွယ်စုုရေးရာအဖွဲ့ (ကချင်ပြည်နယ်) စသည့် အဖွဲ့အစည်း ၉ ဖွဲ့မှ ကုုိယ်စားလှယ်ပေါင်း ၆၀ ကျော် တက်ရောက်ခဲ့သည်။

CSSUကုုိ ၂၀၁၄ ခုုနှစ် မေလ ၃ ရက်က ရှမ်းနုုိင်ငံရေးပါတီများ၊ ရှမ်းလူမှုအဖွဲ့အစည်းများနှင့် ရှမ်းတုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ ညီညွတ်ရေး ဆောင်ရွက်ရန်အတွက် ရှမ်းတုုိင်းရင်းသားများ ဒီမုုိကရက်တစ်ပါတီ(SNLD)၊ ရှမ်းတုုိင်းရင်းသားများ ဒီမုုိကရေစီ အဖွဲ့ချုပ် (SNDP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ စိန်ကျော့ ပြည်သူ့စစ် အဖွဲ့၊ ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSJAC)အဖွဲ့ဝင် ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP) တိုု့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...