အာဏာသိမ်းပြီးတဲ့နောက် တပ်မတော်ရဲ့လုပ်ရပ်တွေကြောင့် တစ်ဘက်သတ်အပစ်အခတ်ရပ်စဲထားတာကို ပြန်လည်သုံးသပ်နေတယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ကြေညာချက်ထုတ်လိုက်ပါတယ်။ ဒီကြေညာချက်ထုတ်လိုက်တဲ့အပြီးမှာ ရခိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတာကိုလည်း ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက စိုးရိမ်နေကြပါတယ်။
ULA/AA ကို အကြမ်းဖက်အဖွဲ့ကနေရုပ်သိမ်းလိုက်ပေမဲ့လည်း အကြမ်းဖက်မှုပုဒ်မနဲ့ တရားစွဲခံနေရသူတွေအနေနဲ့ ဥပဒေအရရင်ဆိုင်ရဦးမယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
မောင်တောကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကို (၁ဝ)လကြာပိတ်ထားရတဲ့အတွက် နိုင်ငံအတွက်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက်ပါ ထိခိုက်နစ်နာမှုတွေရှိနေပါတယ်။






