- အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အထက်တန်းသင်ရိုးညွှန်းတမ်းသစ်ရေးဆွဲပြီး ရခိုင်ဘာသာစာပေနဲ့သင်ကြားတာဟာ ခူမီးချင်းလူမျိုးတွေနဲ့ တခြားချင်းတိုင်းရင်သားတွေအပေါ် မထီမဲ့မြင် ပြုလုပ်တာဖြစ်ပြီး အပြင်းအထန် ကန့်ကွက်တယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း(Global Khumi Organization)က ပြောပါတယ်။
- ချင်းပြည်နယ်ထဲက ချင်းတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ပြည်သူ့ကျန်းမာရေးဌာနပေါင်း ၅၀ နီးပါးသာ ဖွင့်လှစ်နိုင်သေးပြီး လူထုလက်လှမ်းမီမှု နည်းပါးနေသေးတယ်လို့ ချင်းလဲန်ကောင်စီ၊ ချင်းပြည်အစိုးရက ပြောပါတယ်။
- ဖလမ်း(ချင်း)ဘာသာစကားကို စာသားရိုက်ထည့်စရာမလိုတော့ဘဲ မိမိပြောလိုက်တဲ့အသံကို AI နည်းပညာနဲ့ အင်္ဂလိပ်ဘာသာကို တိုက်ရိုက်ဘာသာပြန်ဆိုပေးနိုင်တဲ့ ChinSpeak App စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။






