စစ်တပ်ကို တရားစွဲဆိုရန် သက်သေအထောက်အထား စုဆောင်းမှု ဆောင်ရွက်ချက်များအတွက် ယူကေက ငွေကြေးထည့်၀င်ပံ့ပိုး

စစ်တပ်ကို တရားစွဲဆိုရန် သက်သေအထောက်အထား စုဆောင်းမှု ဆောင်ရွက်ချက်များအတွက် ယူကေက ငွေကြေးထည့်၀င်ပံ့ပိုး

မြန်မာနိုင်ငံတွင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်း၊ စုံစမ်းဖော်ထုတ်၊ ထိန်းသိမ်းစောင့်ရှောက်နေသည့် ယန္တရားတစ်ခုကို အထောက်အပံ့ပြုရန်အတွက် ထပ်တိုးအပိုဆောင်းအရင်းအမြစ်များ ကူညီမည်ဟု ယူကေ နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ် ရဲဘ်က ကြေညာခဲ့သည်။

ရှေ့အနာဂတ်ကာလတွင် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများတွင် အသုံးပြုနိုင်သည့် သက်သေအထောက်အထားများ စုဆောင်းခြင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ထံ ယူကေအစိုးရက ပေါင်သန်းတစ်၀က် ထည့်၀င်ကူညီမည် ဖြစ်သည်။

“အာဏာသိမ်းမှု စဖြစ်ပြီးနောက် နှစ်လအကြာမှာ မြန်မာစစ်တပ်ဟာ ကလေးငယ်တွေအပါအ၀င် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်မှုတွေနဲ့အတူ နေ့စဥ်နေ့တိုင်း ဆိုးရွားမိုက်မဲတဲ့ လုပ်ရပ်တွေကို ပြုမူလုပ်ဆောင်ရင်း မိုက်တွင်းနက်သထက် နက်နေခဲ့ပါတယ်”

“ယူကေအစိုးရရဲ့ ယခုထပ်မံ လုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ စစ်တပ်ရဲ့ အဓိကငွေကြေး စီးဆင်းမှုတွေအနက်က တစ်ခုကို ပစ်မှတ်ထားပြီး သူတို့ရဲ့ ဆိုး၀ါးပြီးကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေအတွက် သူတို့အပေါ် ခုလို ထပ်မံအရေးယူမှုတွေချမှတ်တာဖြစ်ပါတယ်၊ ဒါ့အပြင် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေ မပျောက်မပျက်အောင် ကျွန်တော်တို့ လုပ်ဆောင်မှာဖြစ်ပြီး ဒီ ကျူးလွန်မှုတွေအတွက် တာ၀န်ရှိသူတွေလည်း တာ၀န်ခံရပြီး တရားရင်ဆိုင်ရမယ့် အလားအလာကို တိုးမြင့်စေအောင် လုပ်ဆောင်မှာဖြစ်ပါတယ်” ဟု ယူကေ နိုင်ငံခြားရေး၀န်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ သက်သေအထောက်အထားများကို စုဆောင်း၊ ထိန်းသိမ်းထားရှိရန် ‘မြန်မာဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား’ ကို ကုလ လူ့အခွင့်အရေး ကောင်စီက ထူထောင်ဖွဲ့စည်းခဲ့သည်။

ကျူးလွန်ထားသူများကို အရေးယူရန်အလို့ငှာ နောင်ကာလတွင် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများတွင် အသုံးပြုရန်အတွက် ဆိုရှယ်မီဒီယာနှင့် အခြားသော နေရာများမှ ရရှိသော အစီရင်ခံမှုများကို စစ်ဆေးအတည်ပြုမည့် ပွင့်လင်းသော အရင်းအမြစ် စုံစမ်းစစ်ဆေးမှုလုပ်ငန်းအတွက် ငွေကြေးများကို ကူညီမည် ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...