ဆော့လော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူဖမ်းဆီးခံရ

ဆော့လော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အနိုင်ရရှိထားသည့် NLDပါတီမှလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ယနေ့ နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးခံရကြောင်း အမည်မဖော်လိုဒေသခံတစ်ဦးမှ သိရသည်။

ဖမ်းဆီးခံရချိန် ဒေါ်ခေါ်မာဝူသည် မြစ်ကြီးနားမြို့၊ ပမ္မတီးလီဆူစာပေယဉ်ကျေးမှုဗဟိုရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် (စရဖ) မှ အမျိုးသား ၃ဦး လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးခံသွားရသည့် လွှတ်တော်ကိုယ်လှယ်ဒေါခေါ်မာဝူအား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးချေ။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးမူများရှိခဲ့သော်လည်း အများစု ပြန်လည်လွှတ်မြောက်ပြီးဖြစ်သည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...