ဆော့လော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူဖမ်းဆီးခံရ

ဆော့လော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အနိုင်ရရှိထားသည့် NLDပါတီမှလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ယနေ့ နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးခံရကြောင်း အမည်မဖော်လိုဒေသခံတစ်ဦးမှ သိရသည်။

ဖမ်းဆီးခံရချိန် ဒေါ်ခေါ်မာဝူသည် မြစ်ကြီးနားမြို့၊ ပမ္မတီးလီဆူစာပေယဉ်ကျေးမှုဗဟိုရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် (စရဖ) မှ အမျိုးသား ၃ဦး လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးခံသွားရသည့် လွှတ်တော်ကိုယ်လှယ်ဒေါခေါ်မာဝူအား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးချေ။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးမူများရှိခဲ့သော်လည်း အများစု ပြန်လည်လွှတ်မြောက်ပြီးဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...