WiFi လိုင်းမရောက်သည့် ကချင်ပြည်နယ်ဒေသများတွင် သတင်းအချက်အလက် မျှဝေရန် ခက်ခဲ

WiFi လိုင်းမရောက်သည့် ကချင်ပြည်နယ်ဒေသများတွင် သတင်းအချက်အလက် မျှဝေရန် ခက်ခဲ

ပြည်သူများကို သတ်ဖြတ်နေသော ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်ရန် အာဏာသိမ်းစစ်တပ်က မတ်လ ၁၄ ရက်နေ့မှစတင်ပြီး မိုဘိုင်းဖုန်းအင်တာနက်လိုင်းများကို ပိတ်လိုက်သောကြောင့် ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် သတင်းအချက်အလက် ပြတ်တောက်မှုများ ရှိနေပြီဖြစ်သည်။

မြစ်ကြီးနား၊ ဝိုင်းမော် ၊ ဗန်းမော်၊ ရွှေကူ ၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင် နှင့် ဖားကန့် ၊ ပူတာအို စသည့်နေရာများတွင် WIFI အင်တာနက်အနည်းငယ်ရရှိသော်လည်း ချီဖွေ၊ မံစံ၊ တနိုင်း၊ ဆွမ်ပရာဘွမ်ကဲ့သို့သော ပူတာအိုခရိုင်အတွင်း မြို့နယ်များတွင် wifi မရသဖြင့် လက်ရှိ မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို သိနိုင်ရန် ခက်ခဲနေသည်။

“အင်တာနက်ပိတ်ထားတော့ အမှောင်ကျသလို ဖြစ်သွားတယ်။ လူ့အခွင့်အရေး အရမ်းချိုးဖောက်နေတယ်လို့ ခံစားရတယ်။ ကြောက်အား လန့်အားနဲ့အသက်ရှင်ရတယ်။ တော်မကျ မြို့မကျနေရတော့ စစ်သားတွေကလည်း ညဆိုသေနတ်ဖောက်ကြတော့ ပြည်သူလူထုတွေက ကြောက်စိုးရိမ်ကြတယ်။” ဟု လီဒိုလမ်းမပေါ်တွင် ရှိသော ဒေသခံ တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုများကို နေရာအလိုက်ပြုလုပ်သော်လည်း ထိုလှုပ်ရှားမှု ပုံရိပ်များကို သတင်းတွင် ဖော်ပြရန် ခက်ခဲလာသည်ကို တွေ့ရသည်။

အလားတူ ထိုဒေသရှိ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ဖော်ထုတ်တင်ပြရန် ခက်ခဲမှုများ ရှိလာသည်။

“အင်တာနက်ရတာတောင်မကြာသေးဘူး၊ ပြန်ပိတ်တယ်ဆိုတော့ အဆင်မပြေဘူး။ ကျနော်တို့ဒေသမှာ တကယ်မရှိမဖြစ် အရေးတကြီးလိုနေတာက အင်တာနက် ဟုတ်တယ်။” ဟု ပူတာအိုဒေသခံ တစ်ဦး ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပိုင်းကစတင်ပြီး နိုင်ငံတစ်ဝှမ်း အင်တာနက်လိုင်းများကို အချိန်အကန့်သတ် ပိတ်ပင်ခဲ့ပြီးနောက် ၊ မတ်လ ၁၄ ရက်နေ့က စတင်ပြီး မိုဘိုင်းအင်တာနက်များကို အပြီးအပိုင် ပိတ်လိုက်ခြင်း ဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...