တနင်္သာရီတိုင်း အတွင်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဆုံးသူ ၂၉ ရှိ

တနင်္သာရီတိုင်း အတွင်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဆုံးသူ ၂၉ ရှိ

အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းပြီး နောက် နိုင်ငံနဲ့ တစ်ဝှမ်း စစ်အုပ်ချုပ်မှုကို မလိုလာတဲ့ ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိလာရာကနေ အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်း အတွင်း မတ်လ ၃၁ ရက်နေ့ အထိ ရရှိတဲ့ စာရင်း အရ ကျောင်းသား/ ပြည်သူ ၂၉ ဦး ကျဆုံးခဲ့ပါတယ်။

အခုလို အကြမ်းဖက် စစ်အာဏာသိမ်း ကောင်စီက ဆန့်ကျင် ဆန္ဒပြတဲ့ ပြည်သူတွေကို တိုင်း အတွင်း ထားဝယ်ခရိုင်မှာ ၁၀ ဦး၊ မြိတ်ခရိုင်တွင် ၁၀ ဦးနဲ့  ကော့သောင်းခရိုင်တွင် ၉ ဦး စုစုပေါင်း ၂၉ ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တိုင်း အတွင်း ကျဆုံးသူ ၂၉ ဦးမှာ ဆန္ဒပြပွဲမှာ ဖြိုခွင်း ပစ်ခတ်ခံရခြင်း၊ ညကင်း စောင့်နေချိန် ပစ်ခတ်ခံရခြင်း၊ နေအိမ်အတွင်း မီးရှို့ခံရခြင်း၊ စစ်ကားဖြင့် တိုက်ခိုက်ခံရခြင်း၊ အလုပ်သွားချိန် ပစ်ခတ်ခံရခြင်း၊ လမ်းသွား လမ်းလာ အကြောင်းမဲ့ ပစ်ခတ်ခံရခြင်း၊ နေအိမ် အတွင်း ရှိနေစဉ် ပတ်ခတ်ခံရခြင်း၊ စစ်တပ်က ပတ်ခတ်သူအား ဝင်ရောက် ကယ်တင်ရာမှ ပတ်ခတ်ခံရခြင်းနဲ့ မှောင်ရိပ်ခိုခြင်း ပတ်ခတ်ခံရခြင်း စတဲ့ အကြောင်း အမျိုးမျိုးနဲ့ ပစ်ခတ်ခံရပြီး ကျဆုံးခဲပခြင်း ဖြစ်ပါတယ်။

ထိုအပြင် တိုင်း အတွင်း မြို့နယ် အလိုက် လက်ရှိ အချိန် အထိ DVB သတင်းဌာနမှ သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော် အပါဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသား/သူတွေနဲ့ ဆန္ဒပြ ပြည်သူတွေ အများအပြား ဖမ်းဆီးခံထားရတာ ရှိနေပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...