အာဏာသိမ်းစစ်တပ်အောက် ယုဇန ကုမ္ပဏီဝန်းကို KIA တိုက်ခိုက်ဖျက်စီး

အာဏာသိမ်းစစ်တပ်အောက် ယုဇန ကုမ္ပဏီဝန်းကို KIA တိုက်ခိုက်ဖျက်စီး

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ်ရှိ အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံ ယုဇန ကုမ္ပဏီကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ ၁ရက်နေ့  နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးသွားကြောင်း သိရသည်။

ဘန်ကောက်ကျေးရွာတွင်ရှိသော ယုဇန ကုမ္ပဏီကို ယနေ့ နံနက်ပိုင်း ၁နာရီခန့်အချိန် KIA တပ်ရင်း ၁၄ တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စက်ယန္တရားများနှင့် ဂိုဒေါင်များကို မီးရိူ့ဖျက်စီးပေးလိုက်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ဖြစ်တာက ည ၁နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်။ ကုမ္မဏီမှာရှိတဲ့ ဘက်ဟို၊ ဘဒိုဇာ၊ ကား ၅စီး၊ ကာလိုဒါ ၃စီး၊ လမ်းကျိတ်စက် ၂စီး၊ ပစ္စည်းထားတဲ့ဂိုဒေါင် ဒီဟာတွေကို မီးရိူ့ပေးလိုက်တယ်လို့သိရတယ်။ ဒီမနက်အတွင်းထိ ကုမ္မဏီအတွင်း မီးလောင်နေတာတွေရှိသေးတယ်”ဟု ဒေသခံတစ်ဦးပြောပြသည်။

ဂိုဒေါင် ၄ ခု နှင့် ကား ၂၃ စီး မီးရှို့လိုက်ကြောင်း သိရသည်။ ယုဇန ကုမ္ပဏီကို အာဏာသိမ်းစစ်သားများက ယခင်က တပ်စွဲထားမှုများရှိသော်လည်း ယနေ့ နံနက် တိုက်ပွဲတွင်မူ မရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်မှစတင်ခဲ့သော ဟူးကောင်းချိုင့်ဝှမ်းဒေသ စစ်အစိုးရ၏ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းအနေဖြင့် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးလိုက်သောကြောင့် ဒေသခံများ၏ မြေယာအများအပြား သိမ်းပိုက်ခံခဲ့ရသည်။

ထိုအချိန်မှ စတင်ပြီး ယနေ့ အထိ ဟူးကောင်းဒေသခံများနှင့် ယုဇန ကုမ္ပဏီကြား မြေယာ ပြဿနားများ ပုံမှန် ဖြစ်ပေါ်နေသော နေရာဖြစ်ပါသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...