မြေမြှုပ်မိုင်းတွေကို တပ်မတော်မှ ဦးဆောင်ရှင်းလင်းမည်

မြေမြှုပ်မိုင်းတွေကို တပ်မတော်မှ ဦးဆောင်ရှင်းလင်းမည်
by -
မဇ္ဈိမ
တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒေသများရှိ မြေမြုပ်မိုင်းများကို တပ်မတော်မှ ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းရှင်းလင်းသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က မဇ္စျိမကိုပြောသည်။

" ဒီမိုင်းကိစ္စကိုတပ်မတော်ဘက်ကဆောင်ရွက်ဖို့အတွက်ဒီနေ့ ဆွေးနွေးပါတယ်။ အထူးသဖြင့်တော့ ကရင်ပြည်နယ်ကိုလုပ်မှာဖြစ်ပါတယ်။ တပ်မတော်ရဲ့ သဘောထားကတော့ ဒီမိုင်းတွေကို တပ်မတော်ကပဲဦးဆောင်ပြီးတော့ ပြန်ပြီးတော့ ရှင်းလင်းပေးသွားမှာပေါ့" ဟု၄င်းကဆိုသည်။

ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ ဒုတိယမြောက်နေ့အဖြစ် ပြုလုပ်နေ JMC-U အစည်းအဝေးအပြီးတွင်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အလားတူ တနင်္သာရီတိုင်းအတွင်း မြေမြှုပ်မိုင်းအန္တရာယ် ရှင်းလင်းရေးနှင့် ပတ်သက်ပြီး စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဟု တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC- S) အဖွဲ့ဝင် ဗိုလ်မှူးကြီးဇော်လွင်က ဖေဖော်ဝါရီ ၁၃ တွင် မဇ္စျိမသို့ ပြောဆိုခဲ့သည်။

မြေမြုပ်မိုင်းများရှင်းလင်းရာတွင် ပြည်ပမှ ထောက်ပံ့သည့် နည်းပညာအကူအညီများကို ရယူသွားရန်လည်း ရှိကြောင်း ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ပြန်လည်ဆွေးနွေးရန်ရှိနေပြီး ဆွေးနွေးပြီး JMC-U သို့ ပြန်လည်တင်ပြမှ မိုင်းရှင်းလင်းရေးများ စတင်လုပ်ဆောင်နိုင်မည်ဟု ၄င်းကဆိုသည်။

ထို့ကြောင့် လတ်တလောတွင် မည်သည့်နေရာ၊ မည်သည့်အချိန် မိုင်းစတင်ရှင်းလင်း ဆောင်ရွက်မည်ကို တိတိကျကျပြောနိုင်ခြင်းမရှိသေးပေ။

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ( JMC-U) တစ်နှစ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆.၅ သန်းကို ပြီးခဲ့သည့် JICM အစည်းအဝေး ဆုံးဖြတ်ချက်အရ ရရှိထားပြီး အဆိုပါရန်ပုံငွေထဲမှ မိုင်းရှင်းလင်းအတွက် သီးသန့်ခေါင်းစဉ်ဖြင့် ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အခန်း(၃) ပုဒ်မခွဲ(င)တွင် နှစ်ဖက်တပ်များ ခင်းကျင်းထားသည့် မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို အစိုးရနှင့်ညှိနှိုင်းပြီး လုပ်ဆောင်သွားရန်ဟု ထည့်သွင်းဖော်ပြထားသည်။

ကရင်ပြည်နယ်အတွင်း၌လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မှုများ ပြုလုပ်နေကာ ရှင်းလင်းရေးလုပ်ငန်းစဉ်များကို နှစ်ဖက်တပ်ဖွဲ့များက မိမိအစီအစဉ်ဖြင့် မိမိ တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ကရင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ဇန်နဝါရီလ ၂၃ ရက်နေ့က ဘားအံမြို့တွင် ကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ပြောဆိုထားသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...