လေကြောင်း တိုက်ခိုက်မှု လူနာများ ထိုင်းဘက်ခြမ်းတွင် ဆေးကုသမှု ခံယူ

လေကြောင်း တိုက်ခိုက်မှု လူနာများ ထိုင်းဘက်ခြမ်းတွင် ဆေးကုသမှု ခံယူ

ကရင်အမျိုးသားအစည်းအရုံး KNU ကို အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က လေယာဉ်များအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသား ၇ ဦး အရေးပေါ်ဆေးကုသနိုင်းရေး ထိုင်းနိုင်ငံဘက်အခြမ်းသို့ ရောက်ရှိလာ သည်။

တပ်မဟာ (၅) နယ်မြေဖြစ်သည့် မူတြော်(ဖာပွန်) အတွင်းရှိ ဒေပူနိုကျေးရွာမှ ဒေသခံ ရွာသား ၇ ဦးကို ယနေ့ မွန်း လွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့(မဲ့စလန်း) ကျေးရွာသို့ ပို့ပြီး ဆေးကုမှု ခံယူရန် ရောက်ရှိလာ သည်ဟု The Reporter ထိုင်းသတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောထား သည်။

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဆေးကုသရန် ရောက်ရှိလာသည့် ကရင်အမျိုးသားတစ်ဦးက “ရင်ဘတ်တွေနာတယ်။ ပေါင်လည်းနာတယ်။ ဗုံးပေါက်တာ ညမှာပဲ။ ညမှာ ဗုံးတွေ ဆက် တိုက်လာ ကြဲသွားတယ်။ ဘယ်လို ထိသွားမှန်း တောင် မသိဘူးနော်။ တစ်ကိုယ်လုံး လှုပ်လို့လည်း မရတော့ဘူး။ သတိလည်း မရတော့ဘူး။ ခြေထောက်မှာ လည်း ထိတယ်။ နားကလည်း အခုထိ အူနေတယ် ဘာမှ သိပ်မကြားရဘူး။ ကျနော်တို့ နှစ်ယောက်လုံး မိုင်းအတူ တူထိတာပါ။ ဗုံးကြဲတဲ့အချိန် ကျနော်ရောက်နေတဲ့နေရာ နည်းနည်းနိမ့်တယ်။ ဗုံးကျတာ အရှိန်အရမ်းပြင်း တယ်။ ဗုံးကျပြီးနောက် ဘာမှ မသိတော့ဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာပါ” ဟု ကရင် ဘာသာဖြင့် ထိုင်းသတင်း ထောက်အား ပြောပြထားသည်။

စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒေသခံရွာသား အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးတို့အား ထိုင်းဘက်ခြမ်းသို့ ဆေးကုသခွင့်ပေးရန် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယနေ့ နေ့ လည် ၁ နာရီခန့်တွင် ဆေးကုသခွင့်ရခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ICRC ရောက်ရှိလာပြီးနောက် ထိုင်းဖက်ခြမ်းက ဆေးရုံတွင် ဆေးကုသမှုခံယူ ခွင့်ရ ခဲ့ပြီး ဆေးကုသခံခွင့်ရသည့် လူနာ ၇ ဦးတွင် ၃ ဦးမှာ အရေးအပေါ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု ကရင် အမျိုးသမီးအစည်းအရုံးက အထွေထွေအတွင်းရေးမှူး နော်ကညောဖော က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က မတ်လ ၂၇ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ KNU တပ်မဟာ ၅၊ တပ် မဟာ ၃ ဧရိယာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု KNU ၏ ထုတ်ပြန် ချက်အရသိရသည်။

မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာ အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ ၏ လက်နက်ကိုင်တပ်များက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အတွက် ဒေသခံ ၉ ဦးထိမှန်ကာ ၇ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြော သည်။

တပ်မဟာ ၅ နှင့် တပ်မဟာ ၃ ဧရိယာအတွင်း စစ်တပ်၏ လေကြောင်းထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မတ်လ ၂၇၊ ၂၈၊ ၂၉ (၃ ရက်) အတွင်း ဒေသခံရွာသား ၁၀ ဦး သေ၊ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...