ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်းကြေညာရန် CRPH ကို တောင်းဆို

ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်းကြေညာရန် CRPH ကို တောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာရန် အာဏာရှင်ကိုတော်လှန်သော  မွန်လူငယ်အင် အားစုက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို တောင်းဆိုလိုက်သည်။

မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ် စား ပြုကော်မတီ (CRPH) ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနည်းလမ်းမကျသလို စံချိန်စံညွှန်းမီသည့် ဖွဲ့စည်းပုံလည်း မဟုတ် ဘူးဟု အာဏာရှင်ကိုတော်လှန်သော  မွန်လူငယ်အင်အားစုက အိတ်ဖွင့်ပေးစားတွင် ရေးသားထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူတစ်စုကောင်းစားရေး ဦးတည်ရေးဆွဲထားသော ဖွဲ့စည်းပုံဖြစ်တဲ့အပြင် တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာ လည်း ကြီးမားသော အနှောင့်အယှက်အဟန့်အတားကို ဖြစ်ပေါ်စေပါတယ်” ဟု အာဏာရှင်ကိုတော်လှန်သော  မွန်လူငယ်အင်အားစုက ပြောဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် မဖြစ်နိုင်ဟု ယုံကြည်ယူဆ သည်နှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ အစိုးရဖွဲ့ခြင်းကိုလည်း အလိုမရှိဟု အာဏာရှင်ကို တော်လှန်သော  မွန်လူငယ်အင်အားစုက ပြောဆိုထားသည်။

Federal Constitution Drafting and Coordinating Committee (FCDCC) မှ ဦးဆောင်ကာ ရေးဆွဲထားသော ဖွဲ့စည်းပုံမူကြမ်းကို အခြေခံ၍ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အသစ်ပြန်လည်ရေးဆွဲရေးလုပ်ငန်း အား တိုင်းရင်းသားလူမျိုးစုအားလုံး သဘောတူညီချက်ဖြင့် ကြေညာရန်လည်း မွန်လူငယ်အင်အားစုက တိုက် တွန်းထားသည်။

၎င်းအပြင် စစ်ဖြစ်ပွားရာဒေသက စစ်ဘေးရှောင်ပြည်သူများနှင့် ကလေးသူငယ်များအတွက် CRPH မှ အရေး ပေါ်လိုအပ်ချက်များကို အမြန်ဆုံး တာဝန်ယူထောက်ပံ့မှုပေးရန်လည်း အာဏာရှင်ကိုတော်လှန်သော  မွန်လူငယ် အင်အားစုက တိုက်တွန်းပြောဆိုထားသည်။

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...