ဦးဝီရသူ နယ်ခြားစောင့်ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံပြီး မောင်တောမြောက်ပိုင်းသို့ ခရီးဆက်

ဦးဝီရသူ နယ်ခြားစောင့်ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံပြီး မောင်တောမြောက်ပိုင်းသို့ ခရီးဆက်
by -
မဇ္ဈိမ
ဆရာတော်ဦးဝီရသူနှင့် မဘသအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်းရှိ ကျီးကန်းပြင်နယ်ခြားစောင့် ဌာနချုပ်တွင် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မောင်တောဒေသ မြောက်ပိုင်းနယ်မြေ အတွင်းသို့ ခရီးဆက်လျက်ရှိကြောင်း သိရသည်။

ဒေသကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်နှင့် မဘသအဖွဲ့တို့တွေ့ဆုံးဆွေးနွေးမှုကို နယ်ခြားစောင့်ရဲ အမှတ် ၁ ဌာနချုပ် အတွင်း နံနက် ၈ နာရီခန့်ကပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ကာ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ သည့် မြောက်ပိုင်းဒေသနယ်မြေများသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးဝီရသူနှင့်အဖွဲ့တို့သည် မေလ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းက အကြမ်းဖက်မှုကြောင့် ပျက်စီးသွားခဲ့သည့် ကျေးရွားတချို့တွင် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လျှက်ရှိကြောင်းသိရသည်။

ဆရာတော် ဦးဝီရသူ၏  မောင်တော်ဒသခရီးစဉ်တွင် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ထိခိုက်နစ်နာခဲ့ကြသည့် ကျေးရွာသားများအား ထောက်ပံ့ပေးအပ်နိုင်ရန်အတွက် ဆန်အိတ် ၃၀၀၀ နှင့် အခြားသော ထောက်ပံ့ပေးရပစ္စည်းများလည်း ပါရှိကြောင်းသိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...