မော်လမြိုင်-ရန်ကုန်လူစီးရထား စမ်းသပ်ခုတ်မောင်း

မော်လမြိုင်-ရန်ကုန်လူစီးရထား စမ်းသပ်ခုတ်မောင်း

တစ်လခွဲနီးပါးခန့်ရပ်နားထားရသော အမှတ် ၉၀ လူစီးရထားကို ယနေ့နံနက်ပိုင်းတွင် စစ်သားလုံခြုံရေးများဖြင့် မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်မြို့သို့ စမ်းသပ်ခုတ်မောင်းသွားကြောင်း သတင်းရရှိသည်။

“လူစီးတွဲ ၄ တွဲပါတယ် ခရီးသည်တော့မပါဘူး နောက်ရက်တွေမှာ ပုံမှန်ပြန်လည်ပြေးဆွဲဖို့ စီစဉ်နေပြီ အခုအစမ်းခုတ်မောင်းကြည့်တာပါ စစ်သား လုံခြုံရေးတွေပါတယ်” ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိနိုင်ငံရေး အခြေအနေကြောင့် မွန်ပြည်နယ်အတွင်း မီးရထားဖြင့် ခရီးသွားလာခြင်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်သွားလာနိုင်ခြင်း မရှိသေးပေ။

“ရထားတွေ ပုံမှန်မထွက်သေးဘူး ကျွန်တော်တို့ မန်နေဂျာ နေပြည်တော်ရုံးချုပ်ကို အစည်းအဝေးသွားနေတယ် အဲကနေပြန်ပြီးတော့ ညွှန်ကြားမှပဲ ရထားထွက်လို့ရမယ်၊ ဝန်းထမ်းတွေလည်း CDM လုပ်မယ့်သူကလုပ် မလုပ်တဲ့သူကမလုပ်ဘူးပေါ့၊ အဲဒီတော့ ရှိတဲ့ဝန်ထမ်းတွေလောက်ကိုပြန်ပြီး စုနေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မော်လမြိုင်-ရန်ကုန် လူစီးရထားကို ဆန္ဒပြသူလူအုပ်ကြီးက ရထားမထွက်ခွာရန် တားဆီးခဲ့သည်မှစတင်၍ မီးရထားဝန်ထမ်းအများစု CDM တွင်ပါဝင်ခဲ့လာသောကြောင့် မွန်ပြည်နယ်အတွင်း ရထားသွားလာမှုအားလုံး ရပ်နားလိုက်ရကြောင်း တွေ့ရသည်။

သို့ရာတွင် CDM လှုပ်ရှားမှုတွင်ပါဝင်နေသော မီးရထားဝန်ထမ်းများအား အာဏာပိုင်များပြန်လည်စည်းရုံးခဲ့ပြီး အလုပ်မှရပ်နားလိုသူများကို မီးရထား ဝန်ထမ်းလိုင်းခန်းများမှ မတ်လ ၂၃ ရက်နေ့တွင် အတင်းပြောင်းရွေ့လိုက်ပြီဖြစ်သည်။

တဖက်တွင်လည်း မွန်ပြည်နယ်အတွင်း ရပ်နားထားသော အဝေးပြေးယာဉ်လိုင်းများ မတ်လ ၂၂ ရက်နေ့မှစ၍ ပုံမှန်ပြန်လည်ပြေးဆွဲလျှက်ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ထောက်ခံစာမလိုအပ်သည့်အပြင် လမ်းခရီးပိတ်ဆို့မှုလည်းမရှိတော့ကြောင်း ယာဉ်မောင်းများမှ သိရသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...