တာချီလိတ် အခြေစိုက်သတင်းထောက် ၂ဦး ကိုဖမ်းရန် ထိုင်းကို အကူအညီတောင်း

တာချီလိတ် အခြေစိုက်သတင်းထောက် ၂ဦး ကိုဖမ်းရန် ထိုင်းကို အကူအညီတောင်း

မြန်မာ-ထိုင်း တာချီလိတ်မြို့ အခြေစိုက် သတင်းဌာန ၂ခုမှ သတင်းထောက်များကို ဖမ်းဆီးရန် စစ်ကောင်စီ မှ ထိုင်းနိုင်ငံဘက်ကို တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။

တာချီလိတ်အခြေစိုက် တာချီလိတ်အေဂျင်စီ သတင်းဌာန တည်ထောင်သူ ကိုဇောင်း နှင့် မှုခင်းရှု့ထောင့် မှ ကိုရွှေဝင်း တို့ကို စစ်ကောင်စီ က တရားခံပြေး၊ ဖမ်းဝရမ်းထုတ်ထားပြီး၊ ထိုင်းနိုင်ငံဘက်တွင် သွားရောက်ခိုလှုံနေပါက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် စစ်ကောင်စီက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် အဆင့် နယ်ခြားကော်မတီ ဥက္ကဌ ထံ စာပို့ခဲ့သည်။

ထို့ပြင် ယနေ့ (မတ် ၂၆)ရက် ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC)အစည်းအဝေးတွင်လည်း ထွက်ပြေးတိမ်းရှောင် နေသည့် သတင်းထောက် ၂ဦးကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ပြန်လွှဲပေးပါက ဆုကြေးငွေထုတ်ပေးဖြစ်ပြီး၊ လက်ရှိမှာ သတင်းထောက် ၂ဦး၏ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်များကို လည်း ထိုင်းနိုင်ငံသို့ ပေးပို့တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ သျှမ်းပြည် အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ မှ ကိုဇောင်း၊ မဲခေါင်းသတင်းဌာနမှ အယ်ဒီတာ ကိုပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်းသိရသည်။

ဆက်လက်ပြီး ကမ္ဘောဇ တိုင်း သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်နှင့် ထုတ်ဝေသူများကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် အရေးယူပြီး တောင်လေးလုံးထောင်သို့ ပို့ဆောင်ထားကြောင်းသိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...