မြစ်ကြီးနားတွင် သတင်းထောက် နှစ်ဦး ဖမ်းခံရ

မြစ်ကြီးနားတွင် သတင်းထောက် နှစ်ဦး ဖမ်းခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် အတွင်း အမျိုးသမီး သတင်းထောက်တစ်ဦးအပါအဝင် မြစ်ကြီးနားအခြေစိုက် သတင်းထောက်နှစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင် သက်သေများက ပြောသည်။

မတ်လ ၂၉ ရက်နေ့ ယနေ့တွင် မြစ်ကြီးနားမြို့ ၊ ရမ်ပူရပ်ကွက်မှ သပိတ်စစ်ကြောင်းခံတပ် အကြမ်းဖက်ဖြိုခွင်း ခံ ရပြီးနောက် သတင်းထောက်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြော သည်။

“ကျနော်တို့က သတင်းထောက်တွေလို့ ပြောတာ။ အဲ့ဒါ သတင်းထောက်တွေဆိုရင် ပိုရိုက်ရမယ်ဆိုပြီး အသား ကုန် ရိုက်ပြီး ဖမ်းသွားတာ” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ယနေ့ ရိုက်နှက်ဖမ်းဆီးခံရသူများမှာ မြစ်ကြီးနားအခြေဆိုက် The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်း ထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသားသတင်းထောက် ကိုလရော် တို့ ဖြစ်သည်။

အေးစေတီအနီး ရောက်ရှိနေသည့် သတင်းထောက်တစ်ဦး က “အေးစေတီမှာပဲ၊ ဒီနေ့မနက်က အေးစေတီမှာ ပစ်ကြတယ်။ အေးစေတီကြက်ခြေနီရုံးနားမှာ အဖမ်းခံရတာ ဟုတ်တယ်။ ဆန္ဒပြပွဲနဲ့တော့ နည်းနည်းဝေးတဲ့ နေ  ရာမှာ ဖမ်းခေါ်ခံရတာ။ ရိုက်ပြီးဖမ်းသွားတယ်။ ဘေးက မြင်တဲ့လူတွေကို သွားမေးတော့ အဲ့လိုပြောကြတယ်။ မိန်းကလေးတစ်ယောက်ရယ်၊ နည်းနည်းဝဝနဲ့ အရပ် ရှည်ရှည်နဲ့ သတင်းထောက် ယောက်ကျားလေး တစ် ယောက် ပါသွားတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံရသည့် သတင်း ထောက် အယောက် ၅၀ ရှိပြီဖြစ်သည်ဟု  ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် စာရင်းများ အရ သိရသည်။

ဓါတ်ပုံ - (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ
August 13, 2026
မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ...
August 13, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်ကို...
ဓါတ်ပုံ - Crd (ပုံဟောင်း)
August 13, 2026
တရုတ်၏ ဖိအားပေးမှုကြောင့် မြန်မာ - တရုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်...
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
August 13, 2026
ရေဘေးနှင့် စစ်ဘေး အလူးအလဲခံနေရသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦး အထိ...