KNU တပ်မဟာ ၅ ကို လေကြောင်းမှ ပစ်ခတ်

KNU တပ်မဟာ ၅ ကို လေကြောင်းမှ ပစ်ခတ်

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်သည့် အတွက် အရပ်သား သေဆုံး ဒဏ်ရာရသူများရှိသည်ဟု KNU က ပြောသည်။

မတ်လ ၂၈ ရက်နေ့ (ယနေ့) KNU ၏ ထုတ်ပြန်ချက်ထဲတွင် KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ မတ်လ ၂၇ ည ၇ နာရီမှ နံနက် ၂ နာရီအထိ အာဏာသိမ်းစစ်ကောင်၏ လေကြောင်းတပ်များက လာရောက်ပစ်ခတ် တိုက် ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 “ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်း အကြမ်း ဖက်စစ်အုပ်စုမှ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ည ၇ နာရီ မှ နံနက် ၂ နာရီအထိ လေယာဉ် ၂ စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ ပစ်ခတ်ရာတွင် နေအိမ်တစ်လုံးမီးလောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင် နေထိုင်သော သူသည်လဲထိခိုက်သေဆုံးပြီးမီးလောင်ကျွမ်းခဲ့သည်။ ထို့ပြင် အခြားသော ပြည်သူ လူထုများ ထိ ခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှုများလဲရှိခဲ့ပါသည်”

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ သီးမူထာ တပ်စခန်းအား မတ်လ ၁၇ ရက်နေ့ အစောပိုင်းက ဝင်ရောက် သိမ်းယူပြီးနောက် အာဏာသိမ်းစစ်ကောင်စီမှ အဆိုပါ ဒေသသို့ လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု KNU က ဆိုသည်။

ထို့သို့ ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်စီးပြီး ၎င်းနေအိမ်အတွင်းနေထိုင်သူကို မီးလောင်ကျွမ်း သေဆုံးနေသည်ကို တွေ့ရသည်ဟု KNU ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များ သေဆုံးမှုများရှိသည့်အပြင် ဖမ်းဆီးရမိထားမှုများလည်း ရှိသည်ဟု မတ်လ ၂၇ ရက် (ယမန်နေ့) က KNU ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ ရ သည်။

“အဆိုပါဖြစ်စဉ် တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ် တပ်ဖွဲ့ဝင် (၁၀) ဦးကျဆုံးခဲ့ပြီး ဒု-တပ်ရင်းမှူး တစ်ဦး ပါဝင်ခဲ့ပါသည်။ စစ်သုံ့ပန်း (၈) ဦး ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ စစ်သုံ့ပန်း (၈) ဦး ထဲတွင် ဒု-ဗိုလ် အဆင့် ရှိသူတစ်ဦး ပါဝင်ပြီး အခြား (၂) ဦး မှာ ဒဏ်ရာရရှိထား သောကြောင့် ကေအဲန်အယ်လ်အေ ဆေးတပ်တွင် ဆေးကုသမှု ခံယူနေပါသည်”

ထိုတိုက်ပွဲများကြောင့် အဆိုပါ ဒေသရှိနှင့် အနီးအနားရှိ ပတ်ဝန်းကျင်မှ အိမ်ထောင်စု ၅၄ စုမှာ ထိုင်းနိုင်ငံနယ် စပ် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း KNU နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပြင်းထန်စွ ဖြစ်ပွားလာသည့်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့နှင့်ပါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...