ဝိုင်းမော်တွင် ပေါ်တာဆွဲမည့်သတင်းကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ

ဝိုင်းမော်တွင် ပေါ်တာဆွဲမည့်သတင်းကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ

ဝိုင်းမော်မြို့ လမြန်-ဝါးရှောင်ကျေးရွာဘက်တွင် အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲနေသည်ဆိုသော သတင်းကြောင့် မတ်လ ၂၄ ရက်ညက လူငယ်များ ကျေးရွာအတွင်းမှ တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်သားတွေက ပျောက်ကျားစနစ်နဲ့ လိုက်ဖမ်းနေတယ်လို့တော့ကြားနေရတယ်။ ဒါပေမယ့် အခုချိန်ထိဘယ်သူပါသွား တာကို သေချာမသိရသေးဘူး။ ထပ်ပြီးစုံစမ်းနေတယ်။ လမြန်ကျေးရွာမှာက ဆွဲခံရတဲ့သူတွေပါတယ် လို့လည်းပြော နေကြတယ်။ သေချာသလောက်တော့ ဟုတ်တယ်။ ဘယ်သူဆိုတာတော့မသိရဘူး။ ဒါကြောင့် ဒီဘက်မှာရှိတဲ့ ဒေသခံပြည်သူတွေက စိုးရိမ်နေကြတာပေါ့” ဟု ဝူယာန်ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါကျေးရွာများတွင် ပေါ်တာဆွဲသည့် သတင်းများထွက်ပေါ်နေသဖြင့် ဝါးရှောင်ကျေးရွာအတွင်းရှိ ပြည်သူများက အိမ်မီးပိတ်ထားကာ လမ်းမီး သာဖွင့်ထားကြောင်း သိရသည်။

“မနေ့ည ရွာက လူငယ်တွေ ဆက်သွယ်လာကြတယ်။ ဝူယာန်နဲ့ လမြန်မှာ ပေါ်တာဆွဲခံနေရတယ်လို့ ပြောလာကြတယ်။ ၃ယေက်လောက်ပါသွားတယ်လို့ ပြောကြတာပေါ့လေ။ အဲ့တော် ဘုန်းဘုန်းလည်း ပိုပြီးသေချာအောင် ရပ်ကွက်မှူးကို မေးလိုက်တော့ ဟုတ်တယ်တဲ့။ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က သတိပေးတာတယ်တဲ့။ ညအခြေအနေမကောင်းဘူးလို့။ အဲ့ကြောင့် ဝါးရှောင်းက လူငယ်ယောကျားလေးတွေက တခြားနေရာတွေမှာ လိုက်အိပ်ကြတယ်လို့သိရတယ်”ဟု ပြောဆိုသည်။

မတ်လ ၂၄ ရက်ည ဝူယာန်သင်္ချိုင်းနှင့် နန့်ဝါကျေးရွာအတွင်း စစ်သားများက စစ်ကားများဖြင့် လှည့်လည်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးပြောဆိုချက်မှသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်အတွင်း ဆဒုံးဒေသနှင့် ဆမား စသည့် KIA တပ်ရင်း ၃ နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...