မိုးညှင်းဆန္ဒပြလူထုကို အာဏာသိမ်းစစ်တပ်က ပစ်သတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံး

မိုးညှင်းဆန္ဒပြလူထုကို အာဏာသိမ်းစစ်တပ်က ပစ်သတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ကာ ၃ဦးဒဏ်ရရှိပြီး ၂ဦးမှာ သေနတ်ကျည်ထိမှန် သေဆုံးသွားကြောင်းသိရသည်။

မတ်လ ၂၅ ရက်နေ့ မိုးညှင်းသပိတ်ကို ရဲနှင့် စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့သဖြင့် အမျိုးသား ၂ဦးသေဆုံးခဲ့သည်။ သေဆုံးသူ ၂ ဦးမှာ အသက် ၄၀ကျော် ဦးဝင်းဆွေ နှင့် အသက် ၁၉နှစ်အရွယ်ရှိ ကိုစိုးနိုင်ထွန်း တို့ဖြစ်ကြသည်။

ဦးဝင်းဆွေမှာ ဝမ်းဗိုက်တည့်တည့်တွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက်၁၉နှစ်အရွယ်ရှိ မောင် စိုးနိုင်ထွန်းမှာ ခေါင်းနှောက်စေ့တွင် သေနတ်ထိမှန်ပေါက်ထွက်သွားသောကြောင့် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများပြောဆိုချက်မှသိရသည်။

ကိုစိုးနိုင်ထွန်းမှာ မိုးညှင်းဇာတိဖြစ်ပြီး မြစ်ကြီးနား နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပြင်ပဆက်ဆံရေးတာဝန်ခံတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၅ရက်နေ့ မနက်ပိုင်း သပိတ်ထွက်ခွာပြီး လမ်းတစ်ဝက်ခန့် လှည့်လည်နေချိန် ရဲနှင့်စစ်သားများက သပိတ်စစ်ကြောင်း ဖြိုခွဲခဲ့ပြီး လူငယ် ၂၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ အကြမ်းဖက်ဖမ်းဆီးခံရသည့် လူငယ်များကို တစ်ဦးလျှင် ငွေတစ်သိန်းနှင့် ဝန်ခံကတိရေး ထိုးခိုင်းကာ ပြန်လည်လွတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ပြန်လည်လွတ်ပေးခြင်းမရှိသည့်အတွက် ဆန္ဒပြပြည်သူများက ရဲစခန်းသို့ သွားရောက်ဝန်းရံခဲ့ရာ ရဲနှင့်စစ်သားများက သေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“မနက်ပိုင်း ဆန္ဒပြသည့် လူငယ် အယောက် ၂၀လောက်ဖမ်းခံရတယ်။ သူတို့ နေ့လည်ပိုင်းလောက်ကျရင် ပြန်လွတ်ပေးမယ်လို့ သူတို့ဘက်က ပြောခဲ့တယ်။ ဒါပေမယ့် ပြန်မလွတ်ပေးတော့ ရဲစခန်းကိုသွားပြီး ဖမ်းခံရတဲ့သူတွေကို ပြန်လွတ်ပေးဖို့သွားတောင်းဆိုခဲ့တယ်။ အဲ့ချိန်မှာသူတို့က အကြမ်းဖက်နည်းတွေအသုံးပြုလာတယ်။  ကျနော်တို့ဘက်ကလည်း ပြန်ပြီခုခံတယ်။ ဆုတ်ရင်းဆုတ်ရင်းနဲ့ ကျဉ်အစစ်တွေနဲ့စ ပစ်တော့တယ်” ဟုပြောဆိုသည်။

ယနေ့ ဆန္ဒထုတ်ဖော်ရာတွင် လူငယ်များ ၂၀ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟုဆိုသော်လည်း လက်ရှိရဲစခန်းတွင် ၁၀ဦးခန့်သာရှိနေပြီး ၎င်းတို့အနက် ၁ ဦးမှာ ၁၈နှစ်မပြည့်သေးသည့်အတွက် ယနေ့ညနေပိုင်းက ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...